တရုတ်-မြန်မာ နယ်စပ် မန်တုန်းမြို့နယ်တွင် ရွက်မွှေးသစ်ကတိုး အထွက်နှုန်းကောင်းခြင်းကြောင့် ရွာသူရွာသားများအား ဝင်ငွေတိုးများစေလျက်ရှိ
ယခုရက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လျန်ဟယ်ခရိုင် မန်တုန်းမြို့နယ်ရှိ ရွက်မွှေးသစ်ကတိုး စိုက်ပျိုးရေးအခြေစိုက်စခန်းတွင် အလုပ်သမားများသည် ကျောပေါ်တွင် ခြင်းတောင်းများ ထမ်း၍သွားလာရင်း လတ်ဆတ်သော ရွက်မွှေးသစ်ကတိုးများကို ဆွတ်ခူးခြင်းဖြင့် အလုပ်များနေကြပါသည်။
ရွက်မွှေးသစ်ကတိုးကို "သစ်ပင်ပေါ်က အစိမ်းရောင် ဟင်းသီးဟင်းရွက်"ဟု လူသိများပြီး ၎င်း၏ အာဟာရကြွယ်ဝမှု၊ မွှေးရနံ့၊ ကြွပ်ဆတ်ပြီး လန်းဆန်းသော အရသာကြောင့် စားသုံးသူများက နှစ်သက်ကြပါသည်။ ရွက်မွှေးသစ်ကတိုးအသုပ်၊ ရွက်မွှေးသစ်ကတိုးကြက်ဥကြော်၊ ရွက်မွှေးသစ်ကတိုးတိုဟူးသုပ်နှင့် ရွက်မွှေးသစ်ကတိုးငါးကြော် စသည့် ဟင်းလျာတိုင်းသည် အရသာရှိပြီး မွှေးပျံ့လျက်ရှိသည်။
“ကျွန်မတို့ရွာက စိုက်တာ သုံးနှစ်ရှိပြီ။ အခြေစိုက်စန်းမှာ တရုတ်ဧက ၅ ဧကကျော်ကနေ ၈ ဧကအထိ တိုးချဲ့စိုက်ပျိုးပါတယ်။ တစ်ကီလိုကို ယွမ် ၄၀ နဲ့ ရောင်းချတယ်။ ဈေးကောင်းတော့ ပထမဆုံးအကြိမ် ဆွတ်ခူးတဲ့ ရွက်မွှေးသစ်ကတိုး တစ်ကီလိုကို ယွမ် ၉၀ နဲ့ ရောင်းရပါတယ်။ ရွက်မွှေးသစ်ကတိုးအခြေစိုက်စခန်းဟာ ကျေးရွာစုပေါင်းဝင်ငွေ တစ်နှစ်ကို ယွမ် ၁၀,၀၀၀ ခန့် တိုးလာစေပါတယ်”ဟု မန်တုန်းမြို့နယ်ရွှမ်းကျီဝရွာမှ ဖန်ဝိန်ဖိန်က ပြောသည်။
လက်ရှိတွင် ၎င်းကျေးရွာသည် စိုက်ပျိုးနည်းပညာကို စူးစမ်းလေ့လာကာ စိုက်ပျိုးမှုတိုးချဲ့၍ ရွက်မွှေးသစ်ကတိုး အထွက်နှုန်းတိုးနေကြောင်း၊ အနီးနားရှိ တောင်သူများကလည်း အလွန်စိတ်ဝင်စားကြပြီး အခြေစိုက်စခန်းသို့ လာရောက်လေ့လာကြသူ များပြားလျက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ လျန်ဟယ်ခရိုင်မီဒီယာစင်တာ
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး (မြန်မာနိုင်ငံသား)