ကွမ်ရှီး၏ ပထမဆုံးအကြိမ် တင်သွင်းသည့် ဗီယက်နမ်နိုင်ငံထွက် လတ်ဆတ်သော အုန်းသီးများသည် ချစ်ကြည်ရေးနယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းခဲ့

အရင်းအမြစ်:တရုတ်သတင်းကွန်ရက်   |    2024-10-28 16:22:09

မကြာသေးမီက တန်ချိန် ၂၂.၄ တန်နှင့် ကုန်စည်တန်ဖိုး ယွမ် ၉၈၀၀၀ ရှိ ဗီယက်နမ်နိုင်ငံထွက် လတ်ဆတ်သော အုန်းသီးများအား ကွမ်ရှီး ကျွမ့်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖိန်ရှန်းမြို့ ချစ်ကြည်ရေးဂိတ်သို့ ပို့ဆောင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံထွက် လတ်ဆတ်သော အုန်းသီးများတင်သွင်းခွင့်ကို ယခုနှစ် သြဂုတ်လတွင် တရားဝင်ရရှိပြီးနောက် ၎င်းအုန်းသီးများသည် ကွမ်ရှီးကို ပထမဆုံးအကြိမ် တင်သွင်းသည့် အုန်းသီးများဖြစ်သည်။

“စိုက်ပျိုးရာဒေသကနေ ဆွတ်ခူးတဲ့အချိန်မှစပြီး ဒီအသုတ်အုန်းသီးတွေကို နယ်စပ်ဂိတ်သို့ သယ်ပို့တဲ့အချိန်ဟာ ၃ ရက် ကြာပါတယ်။ အကောက်ခွန်ရှင်းလင်းတဲ့အချိန်ဟာ ၂ နာရီဝန်းကျင်တောင် မလိုပါဘူး။ အလွန်မြန်ပါတယ်။ ဧည့်သည်တွေဟာ အနာဂတ်မှာ အသုတ်လိုက် တင်သွင်းမှုကိစ္စကို စီစဥ်နေပြီဖြစ်ပါတယ်”ဟု တရုတ်ပွဲစားကုန်သည်များက ပြောဆိုသည်။

“ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဘက်ဆက်ဆံရေးသဘာတူညီချက်စာချုပ်(RCEP)”အရ ဘက်ပေါင်းစုံ အကောင်အထည်ဖော်ဆောင်ရွက်ကတည်းကပင် ဗီယက်နမ်နိုင်ငံထွက် ဒူးရင်းသီး၊ ငှက်ပျောသီး၊ ဖရဲသီးနှင့် အုန်းသီးစသည့် သစ်သီးဝလံ ၄ မျိုးတို့သည် တရုတ်နိုင်ငံမှ တင်သွင်းခွင့် တရားဝင်ရရှိခဲ့ပါသည်။

ဆောင်းပါးအရင်းအမြစ် ။ ။ တရုတ်သတင်းကွန်ရက်
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဘဦး(မြန်မာနိုင်ငံသား)

ကွမ်ရှီး၏ ပထမဆုံးအကြိမ် တင်သွင်းသည့် ဗီယက်နမ်နိုင်ငံထွက် လတ်ဆတ်သော အုန်းသီးများသည် ချစ်ကြည်ရေးနယ်စပ်ဂိတ်တွင် အကောက်ခွန်ရှင်းလင်းခဲ့