တရုတ်-မြန်မာ မန်စီလေဆိပ် နယ်စပ်ဂိတ် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းဆောင်ရွက်ပြီးနောက် သွင်းကုန်ပို့ကုန်ငွေပမာဏမှာ တရုတ်ယွမ် ၉၀ သန်းကျော်ခဲ့
ယခုရက်ပိုင်းတွင် အလေးချိန် ၄၄၁ ကီလိုဂရမ်ရှိ အဝတ်အထည်အသုံးအဆောင်ပစ္စည်းများကို အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး လေယာဉ်ခရီးစဉ် UB812 ဖြင့် မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ပါသည်။
မန်စီလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှုလုပ်ငန်းဆောင်ရွက်ပြီးနောက် မန်စီအကောက်ခွန်ဌာနသည် သွင်းကုန်ပို့ကုန် စုစုပေါင်းပို့ဆောင်မှုပမာဏ ၇၁၆.၄၅ တန်နှင့် ပို့ဆောင်မှုတန်ဖိုး တရုတ်ယွမ် ၉၁.၈၇၇၇ သန်းကို ကြီးကြပ်ကွပ်ကဲခဲ့ကြောင်း မန်စီအကောက်ခွန်ဌာန ကြီးကြပ်ရေးဌာနမှ တာဝန်ခံက ပြောကြားခဲ့သည်။
“ကုမ္ပဏီရဲ့ အထည်အလိပ်တွေကို မန်စီမြို့ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို စင်းလုံးငှားလေယာဉ်တွေနဲ့ တိုက်ရိုက်တင်ပို့နေတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးအချိန်ကို တိုတောင်းစေပါတယ်။ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဆုံးရှုံးမှုနဲ့ လည်ပတ်မှု ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်ခဲ့ပါတယ်”ဟု အရောင်းကိုယ်စားလှယ်က ပြောဆိုသည်။
ဆောင်းပါးအရင်းအမြစ် ။ ။ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
ဘာသာပြန် ။ ။ Zhang Yinglin
မြန်မာစာတည်းဖြတ်သူ ။ ။ ဒေါက်တာထိုက်လွင်ကို