ကမ္ဘာကြီးက ဘာဖြစ်လို့ တရုတ်အစိမ်းရောင် ကုန်ထုတ်လုပ်မှုကို လိုအပ်တာလဲ

အရင်းအမြစ်:CRI   |    2024-04-26 18:42:06

မကြာခင်က ကျင်းပခဲ့တဲ့ ၂၆ ကြိမ်မြောက် ကမ္ဘာ့ စွမ်းအင်ညီလာခံမှာ ကမ္ဘာ့ အကြီးဆုံး ရေနံကုမ္ပဏီ တစ်ခု အပါအဝင်ဖြစ်တဲ့ ဆော်ဒီအာရေဗျ ရေနံကုမ္ပဏီ ARAMCOမှ CEO Amin H. Nasser က လက်ရှိ ဆိုလာပြား နယ်ပယ်မှာ ရရှိတဲ့ တိုးတက်မှု များစွာဟာ တရုတ်နိုင်ငံက ကုန်ကျစရိတ် လျှော့ချရေးဆိုင်ရာ ကြိုးပမ်းမှုရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ လျှပ်စစ်ကား နယ်ပယ်မှာ အခြေအနေလည်း ဒီလိုပါပဲ။ တရုတ်နိုင်ငံရဲ့ စွမ်းအင်သစ်သုံး ကုန်ထုတ် လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ အနောက်နိုင်ငံများရဲ့ ကာဗွန် ထုတ်လွှတ်မှု ကင်းမဲ့ရေး ရည်မှန်းချက် ဖော်ဆောင်ဖို့အတွက် တွန်းအားပေးပြီး နိုင်ငံတကာ စွမ်းအင် အသွင် ကူးပြောင်းရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ပါတယ်လို့ ပြောကြား ခဲ့တယ်။

အမေရိကန်မှ လူအချို့က တရုတ်ထုတ်လုပ်မှု ပိုလျှံလွန်ကဲခြင်း ဝါဒကိုဖြန့်နေတဲ့ ခုလို အချိန်အခါမှာ Nasser ရဲ့စကားဟာ နိုင်ငံတကာမိသားစုကြီးရဲ့ ဆင်ခြင် နားလည် သိရှိမှု တွေကို ကိုယ်စားပြုနေပါတယ်။

ကမ္ဘာ့ နိုင်ငံများအဖို့ တရုတ်နိုင်ငံရဲ့ စွမ်းအင်သစ်သုံး ကုန်ပစ္စည်းများ ထုတ်လုပ်မှုဟာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွန်းအားသစ်ကို ဆောင်ကြဉ်းပေးနေတယ်။ မျက်မှောက် အချိန် မှာ ကမ္ဘာ့နိုင်ငံအသီးသီးတို့ဟာ ကုန်ထုတ်လုပ်မှုအဆင့်မြှင့်တင်ရေးနှင့်အစိမ်းရောင် အသွင် ကူးပြောင်းရေးကို အစွမ်းကုန် တွန်းအားပေးနေပြီး စွမ်းအင်သစ်များ ဖော်ထုတ် အသုံး ချဖို့ အတွက် သက်ဆိုင်ရာ စက်ကိရိယာများကို အရေးတကြီး လိုအပ်နေတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ဆက်တိုက် အသုံးပြုနိုင်တဲ့ စွမ်းအင်ဈေးကွက်နဲ့ စက်ကိရိယာများ ဆောက် လုပ်တဲ့ နိုင်ငံ အဖြစ်နဲ့ တရုတ်နိုင်ငံဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင် နေခဲ့တယ်။ လက်ရှိ အချိန်မှာ တရုတ်နိုင်ငံက နိုင်ငံတကာမှာ လေအားလျှပ်စစ် ဓာတ်အား ပေးနဲ့ ဆိုလာ လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံများရဲ့ ၅၀ ရာခိုင်နှုန်းနဲ့ ၈၀ ရာခိုင်နှုန်း ကျော်ကို ဖြန့်ဖြူးပေးနေပါတယ်။

စွမ်းအင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်မှာ နည်းပညာ ထိုးဖောက် တိုးတက်မှုဟာ အဓိက သော့ချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံအများအပြားဟာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုကို ဖော် ဆောင်ချင်တယ်၊ ဒါပေမယ့် စွမ်းအင်သစ်နည်းပညာဆိုင်ရာ အခက်အခဲများနဲ့ ကြုံတွေ့ နေရ တယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့ နိုင်ငံအသီးသီးတို့ အတွက် ဆန်းသစ်သော ဖြေရှင်းရေး နည်း လမ်းများကို ဖန်တီးပေးပြီး ကမ္ဘာ့ နည်းပညာ တိုးတက်မှုနဲ့ ကုန်ထုတ်လုပ်မှု အဆင့်မြှင့် တင်ခြင်းကို တွန်းအားပေးခဲ့တယ်။

ကုန်ထုတ်လုပ်မှု ပိုလျှံလွန်ကဲခြင်းကို အကြောင်းပြုပြီး စီးပွားရေး ကိုယ်ကျိုးစီးပွား ကာ ကွယ်ခြင်း ပြုလုပ်တာဟာ နိုင်ငံတကာ စွမ်းအင် အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကို နှောင့်နှေး စေမည်သာ ဖြစ်တယ်။ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာဟာ အစိမ်းရောင် ကုန်ထုတ်လုပ် မှု ပိုလျှံလွန်ကဲတာ မဟုတ်ဘဲ ပြင်းထန်စွာ ချို့တဲ့မှုပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကတော့ ကမ္ဘာ ကြီးက အမှန်တကယ် လိုအပ်တာတွေကိုထုတ်လုပ်နေတာ ဖြစ်တယ်လို့ China Media Groupမှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။

ကမ္ဘာကြီးက ဘာဖြစ်လို့ တရုတ်အစိမ်းရောင် ကုန်ထုတ်လုပ်မှုကို လိုအပ်တာလဲ