ချစ်စရာကောင်းလှပါသည်!စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံကူမင်းမြို့ အာဆီယံအိမ်မွေးတိရစ္ဆာန်လေးများပြပွဲကိုလာလည်ပါ။
“ကျေးဇူးပြုပြီးနားဆင်ပါ။ တိရစ္ဆာန်လေးပိုင်ရှင်များကျေးဇူးပြုပြီးနေရာယူပေးကြပါရှင်!” နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတုတ္ထအကြိမ်မြောက် တရုတ်နိုင်ငံကူမင်းမြို့ အာဆီယံအိမ်မွေးတိရစ္ဆာန်လေးများပြပွဲ(အောက်တွင် “ပြပွဲ” ဟုအတိုကောက်သုံးမည်)ကိုကူမင်းမြို့နိုင်ငံတကာပြပွဲဗဟိုခန်းမကြီးတွင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ပြပွဲရှိချစ်စရာကောင်းလှသောတိရစ္ဆာန်လေးများကလာရောက်ကြည့်ရှုသောပရိသတ်များအားပျော်ရွှင်နွေးထွေးစေပါသည်။
“အောင်မလေး ..၊ ဒီခွေးလေးကချစ်စရာတော်တော်ကောင်းတယ်!”ဟုဝမ်ကျောင်းကျောင်းကပြောသည်။ ဝမ်ကျောင်းကျောင်းသည် ယုရှီးမြို့ကလာသောအိမ်မွေးတိရစ္ဆာန်များဆိုင်ပိုင်ရှင်ဖြစ်ပြီးယနေ့ သူ၏ချစ်သူအပါအ၀င် ”Ban deng”ဟုခေါ်သောCorgiခွေးကလေးနှင့်အတူဤပြပွဲသို့ ရောက်ရှိလာသည်။“ဒီအခါကကြောင်ကလေးနဲ့ခွေးကလေးတွေကိုလာကြည့်ရုံတင် မဟုတ်ပါဘူး။ ဒီပြပွဲကထောက်ခံပေးထားတဲ့ပလက်ဖောင်းကတစ်ဆင့် အိမ်မွေးတိရစ္ဆာန်များရဲ့ အစားအစာ၊ ဆေးဝါးကုသခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းများ၊အလှပြင်ခြင်းစတဲ့အကြောင်းအရာများကစွဲဆောင်မှုကောင်းနေတော့ လာလည်ချင်တယ်လေ။ အိမ်မွေးတိရစ္ဆာန်နယ်ပယ်ကိုပိုပြီးလေးလေးနက်နက် လေ့လာချင်ပါတယ်။”
ဤပြပွဲတွင် အိမ်မွေးတိရစ္ဆာန်လေးများ T-stage show၊ ခွေးကလေးများဖက်ရှင်ပြပွဲ၊ CKN အိမ်မွေးတိရစ္ဆာန်အလှပြင်ဆရာအရည်အချင်းအကဲဖြတ်ပြိုင်ပွဲ၊ ခွေးကလေးများအားကစားပြိုင်ပွဲ၊ နိုင်ငံတကာguppyငါးပြိုင်ပွဲများထည့်သွင်းကျင်းပပြီးအခန်းတွင်းတိရစ္ဆာန်ရုံ၊ ငှက်များဥယျာဉ်လည်းပါရှိသဖြင့်ပရိသတ်များသည် ချစ်လှသောတိရစ္ဆာန်လေးများနှင့်ရင်းနှီးစွာဆက်ဆံနိုင်ကြောင်းသိရပါသည်။
T-stage showပြပြီးသောမြင်းကလေး“မဲတူးကလေး”လိမ္မာစွာခေါင်းငုံ့ပြီးအပြာရောင်မျက်လုံးမှာလှည့်နေပါသည်။ ဝိုင်းရံထားသောပရိသတ်များကသူနဲ့အပြန်အလှန်ဆက်သွယ်ကစားနေကြသည်။ ဤမြင်းကလေးသည် ကူမင်းမြို့tian maxingkongမြင်းစီးပညာကောလိပ်ကဖြစ်ပါသည်။ “သူကအင်မတန်လိမ္မာတယ်။ဒါပေမဲ့ သူ့ ဆံမြိတ်ကိုထိရင် မကြိုက်ဘူး။”ဟုကောလိပ်ဌာနမှူးကမိတ်ဆက်ပေးခဲ့ပါသည်။“မြင်းစီးပညာကိုလူတွေတော်တော်များများက နှစ်သက်လာကြပါတယ်။ဒီ၃-၄-၅ နှစ်မှာ ကျွန်တော်တို့ပြပွဲအမျိုးမျိုးကိုပါဝင်လာတယ်။ မြင်းစီးပညာသင်တန်းနဲ့ မြင်းယဉ်ပါးမှုသင်တန်းကိုလည်းဖွင့်တယ်။ကူမင်းမြို့ မြင်းစီးပညာဈေးကွက်ရဲ့အင်အားကိုရှာဖွေဖို့လေ့လာဆောင်ရွက်နေပါတယ်။”
ဤပြပွဲတွင်အိမ်မွေးတိရစ္ဆာန်အမျိုးမျိုးပြသည့်အပြင် တိရစ္ဆာန်များအစားအစာ၊ အ၀တ်အစားနှင့် အသုံးအဆောင်ပစ္စည်း၊ မဂ္ဂဇင်းနှင့်စာအုပ်၊ ဆေးဝါးကုသခြင်းနှင့်ကျန်းမာစောင့်ရှောက်မှု ပစ္စည်းများလည်း ပြသထားရှိပါသည်။ ဤပြပွဲသည် ဧရိယာစတုရန်းမီတာ ၂၀၀၀ ရှိကာ ပြည်တွင်းပြည်ပလုပ်ငန်းကုမ္ပဏီအခု ၃၀၀ ကျော်ပါဝင်ပြီးကုန်ပစ္စည်းသစ်ပေါင်းတစ်ထောင်ကျော်ပြသရောင်းချနေပါသည်။ ဤပြပွဲသည် အိမ်မွေးတိရစ္ဆာန်စက်မှုလုပ်ငန်းကွင်းဆက်အတွက် ရှေ့ပြေးနိုင်ငံတကာအဆင့်မြင့်နည်းပညာနှင့်အယူဝါဒကိုမိတ်ဆက်ရာတွင် ပြည်တွင်းပြည်ပ၎င်းနှင့်ဆိုင်သောကုန်ထုတ်စက်ရုံနှင့်ရောင်းချသူများကိုအတွက်ပိုမိုကောင်းမွန်သောကူးလူးဆက်ဆံမှုနှင့် ရောင်းဝယ်ရေးပလက်ဖောင်းကိုပါထောက်ခံတည်ဆောက်ပေးအပ်ပါသည်။ ဤပြပွဲကိုယူနန်ပြည်နယ်နိုင်ငံတကာရင်းနှီးမြှပ်နှံမှုနှင့် ကုန်သည်ကြီးများအသင်းမှဦးစီးကျင်းပပြီးယူနန်ပြည်နယ်ကမ္ဘာ့ပြပွဲကုမ္ပဏီလီမိတက်၊ ယူနန်ခွေးမွေးမြူခြင်းဝန်ဆောင်မှုအသင်းနှင့် ပီကင်းbairuiboyaပြပွဲကုမ္ပဏီလီမိတက်တို့ကအတူစီစဉ်ကျင်းပပါသည်။ အဆိုပါပြပွဲကိုဒီဇင်ဘာလ ၂ ရက်နေ့အထိကျင်းပမည်ဖြစ်သည်။
သတင်းထောက်။လီဇာ၊ ဝူဖျင်၊ လီဝံကြွင်း (ယူနန်ပြည်နယ်နေ့စဉ်သတင်းစာ)