您现在的位置: 首页  >  国内新闻 >   正文

《昆明宣言》(全文)
တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ် (၂၀၁၉ ခုနှစ်) ကူမင်းထိပ်သီးအစည်းအဝေးကြေငြာချက်

2019-11-15 09:37:37   来源:云桥网

  2019年11月15日,中缅媒体双城论坛(昆明)峰会在中国云南省昆明市举行。活动由中共云南省委宣传部主办、云南日报报业集团承办,共有100多位来自中缅两国政府、媒体、高校的代表参加了本次论坛。通过论坛的主旨演讲和中缅主流媒体圆桌对话会的发言以及论坛期间多形式的交流互动,我们达成以下共识:

၂ဝ၁၉ ခုနှစ်နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ် (၂၀၁၉ ခုနှစ်) ကူမင်းထိပ်သီးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်ကို တရုတ်ပြည်ကွန်မြူနစ်ပါတီယူနန်ပြည်နယ်ပါတီကော်မတီပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပခြင်း၊ ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ လက်ခံကျင်းပခြင်းဖြစ်ပြီး တရုတ်နှင့်မြန်မာနှစ်နိုင်ငံ အစိုးရဌာန၊ မီဒီယာအဖွဲ့နှင့်တက္ကသိုလ်ကောလိပ်တို့မှ လူပုဂ္ဂိုလ်(၁၀၀)ကျော်က ဖိုရမ်ကို ပါဝင် တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်မှ အဓိကဆောင်ပုဒ်ဖြင့် အမှာစကားပြောကြားခြင်း၊ တရုတ်-မြန်မာ အထင်ကရမီဒီယာများ စားပွဲဝိုင်းဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခြင်းစသည့်ဖိုရမ်ကာလအတွင်း ပုံစံမျိုးစုံဆွေးနွေးဖလှယ်ခြင်းဖြင့် ကျွန်တော်တို့သည် အောက်ပါအတိုင်း သဘောတူညီမှုများရရှိခဲ့ပါသည်။

  一、我们高度赞赏不断巩固的中国、缅甸两国媒体之间的传统友谊和互惠合作,我们高度肯定一直以来两国媒体在扩大中缅务实合作、活跃人文交流、便利贸易往来等方面贡献的积极力量。

၁။ စဉ်ဆက်မပြတ် ခိုင်မာအားကောင်းလာသော တရုတ်နှင့် မြန်မာနှစ်နိုင်ငံမီဒီယာတို့အကြားရှိ အစဉ်အလာချစ်ကြည်ရေးနှင့်အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများကို ကျွန်တော်တို့ အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ တရုတ်-မြန်မာအကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူချင်းထိတွေ့ဆက်ဆံမှုနှင့်ယဉ်ကျေးမှုဖလှယ်ရေး၊ ကုန်သွယ်မှုအဆင်ပြေချောမွေ့ရေးစသော ကဏ္ဍအသီးသီးတွင် နှစ်နိုင်ငံမီဒီယာအဖွဲ့အစည်းတို့၏ အကျိုးပြုမှုများကို ကျွန်တော်တို့အထူးအသိ အမှတ်ပြုပါကြောင်း။

  二、我们倡议,本着“和平合作、开放包容、互学互鉴、互利共赢”的丝绸之路精神,中缅媒体要向中缅乃至全球受众传播全面、真实、准确、客观、公正的新闻信息,讲好携手合作、互利共赢的故事,为促进双方国家和本地区人民的理解与互信、交流与合作发挥建设性作用。

၂။ ကျွန်တော်တို့အဆိုပြုသည်မှာ “ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တံခါးဖွင့်ခြင်းနှင့် သဘောထားကြီးစွာဆက်ဆံခြင်း၊ အပြန်အလှန်အတုယူလေ့လာခြင်း၊ အပြန်အလှန်အကျိုးအမြတ်မျှဝေ ခံစားခြင်း”ဟူသောပိုးလမ်းမရည်မှန်းချက်အတိုင်း တရုတ်နှင့်မြန်မာမီဒီယာများသည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးရှိသတင်းမီဒီယာများလိုက်နာသောကျင့်ဝတ်များအတိုင်း ဘက်စုံထောင့်စုံ၊ အဖြစ်မှန်အတိုင်း၊ တိကျမှန်ကန်သောသတင်းအချက်အလက်များကို ဖြန့်ဝေမည်ဖြစ်ပါ ကြောင်း၊ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်းဆိုင်ရာ သတင်းများကို အဖြစ်မှန်အတိုင်း ဖော်ပြမည်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်နိုင်ငံနှင့်ဒေသများရှိပြည်သူများ အကြား နားလည်သဘောပေါက်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ အတွက် အကျိုးဖြစ်ထွန်းရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါကြောင်း။

  三、我们倡议,本着共商、共建、共享的原则,轮流在中国云南昆明和缅甸仰光继续办好中缅媒体双城论坛。

၃။ ကျွန်တော်တို့အဆိုပြုတင်ပြသည်မှာ အတူညှိနှိုင်းဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူ အကျိုးအမြတ်မျှဝေခံစားခြင်းမူများအတိုင်း တရုတ်နိုင်ငံယူနန်ပြည်နယ်ကူမင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန် မြို့တွင် တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ်ကို တစ်လှည့်စီ အောင်မြင်စွာ ဆက်လက်ကျင်းပသွားမည် ဖြစ်ပါကြောင်း။

  四、我们倡议,将在论坛的框架内,积极推动中缅主流媒体开展形式多样的对话交流和新闻产品互换,推动报纸、电视、广播、出版、记者协会等双方多机构的人员往来,推动双方高校媒体人员培训,共同分享技术进步、实现联合采访,使中缅媒体双城论坛保持持久的生机与活力。

၄။ ကျွန်တော်တို့အဆိုပြုတင်ပြသည်မှာ ဖိုရမ်၏မူဘောင်အတွင်း တရုတ်မြန်မာအထင်ကရမီဒီယာ အဖွဲ့အစည်းတို့အကြား ပုံစံမျိုးစုံသောတွေ့ဆုံဆွေးနွေးဖလှယ်မှုနှင့် မီဒီယာများအပြန်အလှန်ဖလှယ်မှု လုပ်ငန်းများအား တွန်းအားပေးမည်ဖြစ်ပါကြောင်း၊ သတင်းစာ၊ ရုပ်မြင်သံကြား၊ အသံလွှင့်၊ ပုံနှိပ် ထုတ်ဝေခြင်း၊ သတင်းစာဆရာအသင်းစသောအဖွဲ့အစည်းများအကြားရှိ ဝန်ထမ်းအချင်းချင်းကူးလူး ဆက်ဆံမှုများ ပိုမိုလုပ်ဆောင်ရန် တွန်းအားပေးမည်ဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဖက်တို့မှ အဆင့်မြင့် ကောလိပ်ကျောင်းရှိမီဒီယာလုပ်ငန်းအဖွဲ့ဝင်များဆိုင်ရာလေ့ကျင့်သင်တန်းပေးခြင်းကို တွန်းအားပေးမည် ဖြစ်ပါကြောင်း၊ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုကို အတူအကျိုးမျှဝေခံစားခြင်း၊ ပူးတွဲသတင်းမေးမြန်း ရယူခြင်းများကို ဖော်ဆောင်မည်ဖြစ်ပါကြောင်း၊ တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ်ကို ကာလ ကြာရှည်စွာ ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

  五、我们支持,在昆明设立中缅媒体双城论坛秘书处,作为论坛日常工作机构;中缅双方分别指定论坛联络机构和联络员;推动适时举办更高级别交流和各类专业会议。

၅။ ကျွန်တော်တို့ထောက်ခံသည်မှာ ကူမင်းတွင် တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ် အတွင်း ရေးမှူးရုံးဖွဲ့စည်းတည်ထောင်ရန်ဖြစ်ပါကြောင်း၊ ဖိုရမ်၏နေ့စဉ်လုပ်ငန်းအဖွဲ့အစည်းအဖြစ် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း။ ဖိုရမ်ဆက်သွယ်ရေးရုံးအတွက် ဆက်သွယ်ရေးဌာနများနှင့် ဆက်သွယ်ရေး အရာရှိများကို တရုတ်နှင့်မြန်မာနှစ်ဦးနှစ်ဖက်တို့မှ သတ်မှတ်ပေးကြမည်ဖြစ်ပါကြောင်း၊ အဆင်ပြေသော အချိန်များတွင် ပိုမိုအဆင့်မြင့်သောဆွေးနွေးဖလှယ်မှုနှင့် အထူးအစည်းအဝေးအမျိုးမျိုးကျင်းပရန်အတွက် တွန်းအားပေးမည်ဖြစ်ပါသည်။

  六、我们相信,通过中缅媒体双城论坛这一有效平台,能够有助于中缅主流媒体深化理解、扩大共识。我们认为,两国媒体合作潜力巨大、合作前景广阔,借助这一论坛平台,能够有效推动两国媒体相向而行、互联互通、互动互信,携手讲好胞波情深、共同发展的故事。

၆။ ကျွန်တော်တို့ယုံကြည်သည်မှာ တရုတ်-မြန်မာမီဒီယာTwin City ဖိုရမ်ဟူသော အကျိုး သက်ရောက်မှုပေးဆောင်နိုင်သည့်ပလက်ဖောင်းမှတစ်ဆင့် တရုတ်နှင့်မြန်မာ အထင်ကရမီဒီယာများ အကြား သဘောပေါက်နားလည်မှု ပိုမိုနက်ရှိုင်းလာရန်အတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ သဘောတူညီမှုများ ပိုမိုကျယ်ပြန့်လာစေနိုင်မည်ဖြစ်ပါကြောင်း။ ကျွန်တော်တို့ခံယူသည်မှာ နှစ်နိုင်ငံ မီဒီယာအဖွဲ့အစည်းများအကြားရှိ ပူးပေါင်းဆောင်ရွက်မှုအလားအလာသည် အလွန်ကြီးမားပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရေးအလားအလာသည် အလွန်ကျယ်ပြန့်ပါကြောင်း။ ယခုလိုဖိုရမ် ပလက်ဖောင်းကို အသုံးပြုခြင်းဖြင့် နှစ်နိုင်ငံမီဒီယာအဖွဲ့အစည်းများ တူညီသောရည်မှန်းချက်အတိုင်း ရှေ့ရှုချီတက်ရန်၊ အပြန်အလှန်ပေါင်းစပ်ဆက်နွယ်မှုရှိရန်၊ အပြန်အလှန်ယုံကြည်မှုရှိရန်တို့အတွက် ထိရောက်စွာ တွန်းအား ပေးနိုင်မည်ဖြစ်ပါကြောင်း။ လက်တွဲခြင်းဖြင့် ပေါက်ဖော်ချစ်ကြည်ရေး မေတ္တာနက်ရှိုင်းသော၊ အတူတကွ ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်သော အကြောင်းအရာများကို ကောင်းမွန်စွာ ပြောဆို နိုင်မည်ဖြစ်ပါကြောင်း။

编辑: 刘周