中文 English {{ activeLangText || 'Languages' }} {{ item.text }}
သမ္မတ ရှီကျင့်ဖိန်၏ "ယိဝူး ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံ" ကို ပိုမိုကောင်းမွန်စွာ သုံးသပ်ဖော်ထုတ် ရန်နှင့် ထိရောက်စွာ အသုံးချခြင်းဆိုင်ရာ အရေးကြီးညွှန်ကြားချက်များချမှတ်မှုအပေါ် တခဲနက် ကြိုဆို တုံ့ပြန်
轮播图(缅甸语) > အကြောင်းအရာ

သမ္မတ ရှီကျင့်ဖိန်၏ "ယိဝူး ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံ" ကို ပိုမိုကောင်းမွန်စွာ သုံးသပ်ဖော်ထုတ် ရန်နှင့် ထိရောက်စွာ အသုံးချခြင်းဆိုင်ရာ အရေးကြီးညွှန်ကြားချက်များချမှတ်မှုအပေါ် တခဲနက် ကြိုဆို တုံ့ပြန်

CRI|
分享到Facebook

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် မကြာသေးမီက အရေးကြီးသော ညွှန်ကြားချက်များ ထုတ်ပြန်ရာတွင် "ယိဝူး ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံ"ကို ပိုမိုကောင်းမွန်စွာ သုံးသပ်ဖော်ထုတ်ရန်နှင့် ဒေသဆိုင်ရာ လက်တွေ့အခြေအနေများနှင့် ကိုက်ညီသော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းများကို စူးစမ်းလေ့လာပြီး ဖော်ထုတ်ရန်လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။ သမ္မတရှီကျင့်ဖိန်ထံမှ ဤအရေးကြီးသော ညွှန်ကြားချက်များသည် အရာရှိများနှင့် အများပြည်သူများကြားတွင် တခဲနက် ကြိုဆိုတုံ့ပြန်မှုများ  ဖြစ်ပေါ်စေခဲ့သည်။ သမ္မတရှီကျင့်ဖိန်၏ အရေးကြီး လမ်းညွှန်ချက်ပါ အနှစ်သာရကို နက်ရှိုင်းစွာ နားလည်သဘောပေါက်အောင် ခံယူပြီး  ဒေသဆိုင်ရာအခြေအနေများနှင့်အညီ     ခရိုင်အဆင့် စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသည့် ယိဝူး၏ အောင်မြင်သော လက်တွေ့လုပ်ဆောင်မှုများကို ကောင်းမွန်စွာ သုံးသပ်အသုံးချသွားရန်၊  လက်တွေ့ကျပြီး  ကိုယ်ပိုင်ထူးခြားချက် အသီးသီးပါရှိသည့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းများကို ရှေ့ဆောင်ဖွင့်လှစ်ရန်နှင့် တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကို အထောက်အကူပြုနိုင်ရန် ၎င်းတို့၏ ကတိကဝတ်များကို   ဖော်ပြခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။