中文 English {{ activeLangText || 'Languages' }} {{ item.text }}
ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေး
轮播图(缅甸语) > အကြောင်းအရာ

ဝမ်ယိသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေး

CRI|
分享到Facebook

ဧပြီလ ၂၅ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည်  မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့်  နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက မြန်မာနိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းအတွက် ဦးတင်မောင်ဆွေအား ဂုဏ်ပြုကြောင်း၊ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီး ဖွံ့ဖြိုးတိုးတက်မှု အဆင့်သစ် စတင်နေသည့်အချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာခရီးစဉ်သည် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ အလေးထားမှုကို အပြည့်အဝ ပြသထားကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အမှန်တကယ် ယုံကြည် စိတ်ချရသော မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်း ဖြစ်မြဲဖြစ်နေကြောင်း၊ မြန်မာနိုင်ငံနှင့် အဆင့်မြင့် ကူးလူးဖလှယ်မှုများကို ထိန်းသိမ်းရန်၊ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုများ နက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံ၏    ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ရာတွင် ကူညီရန်နှင့်     အေးအတူပူအမျှ  ဖြစ်သော တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရာတွင် အောင်မြင်မှုအသစ်များကို ရရှိရန်နှင့် မြန်မာပြည်သူများ ပိုမိုကောင်းမွန်သော အကျိုးစီးပွားများ ရရှိစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဦးတင်မောင်ဆွေကလည်း မြန်မာနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူကို ခိုင်မာစွာ လိုက်နာကျင့်သုံးပြီး တရုတ်နိုင်ငံ၏ ယုံကြည်စိတ်ချရပြီး ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ရန်၊ တရုတ်နိုင်ငံနှင့်  အဆင့်မြင့် ကူးလူး ဖလှယ်မှုများကို ရင်းနှီးစွာ ပြုလုပ်ရန်၊ နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲ တည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။