中文 English {{ activeLangText || 'Languages' }} {{ item.text }}
မော်တော်ကားပြပွဲ အနက်ဖွင့်ချက် – အဘယ်ကြောင့် နိုင်ငံခြားသားများ တရုတ်ကားများကို ပိုမိုနှစ်ခြိုက်လာကြသနည်း
轮播图(缅甸语) > အကြောင်းအရာ

မော်တော်ကားပြပွဲ အနက်ဖွင့်ချက် – အဘယ်ကြောင့် နိုင်ငံခြားသားများ တရုတ်ကားများကို ပိုမိုနှစ်ခြိုက်လာကြသနည်း

人民网|
分享到Facebook

၂၀၂၆ ခုနှစ် ပေကျင်းမော်တော်ကားပြပွဲတွင် မတူညီသော အသားအရောင်ရှိ လူများသည် တရုတ်ကုန်အမှတ်တံဆိပ် ပြခန်းများအတွင်း သွားလာလှုပ်ရှားနေကြပြီး အင်္ဂလိပ်၊ အာရဗီ၊ စပိန်၊ အီတလီစသော ဘာသာစကားစုံတို့ဖြင့် စကားပြောဆိုသံများ မပြတ်ထွက်ပေါ်နေပြီး တစ်နေရာတည်းတွင် လှည့်လည်ကြည့်ရှုနေကြသည်။ အချက်အလက်များကလည်း ဤလမ်းကြောင်းကို သက်သေပြနေသည်။ ယခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ မော်တော်ကား တင်ပို့မှုမှာ အစီး ၂.၂၂၆ သန်း ရှိပြီး ယမန်နှစ် အလားတူကာလထက် ၅၆.၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းတွင် စွမ်းအင်သစ် မော်တော်ကား တင်ပို့မှုမှာ အစီး ၉၅၄,၀၀၀ ရှိကာ ယမန်နှစ် အလားတူကာလထက် ၁၂၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။

 

ခေတ်ရေစီးကြောင်းသစ် – “တရုတ်တွင် ကမ္ဘာကြည့်ခြင်း”မှ “ကမ္ဘာတွင် တရုတ်ကြည့်ခြင်း”သို့

 

တရုတ်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်ရောင်းချမှုသည် ၁၇ နှစ်ဆက်တိုက် ကမ္ဘာ့အဆင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ပေကျင်းနှင့် ရှန်ဟိုင်း အပြည်ပြည်ဆိုင်ရာ မော်တော်ကားပြပွဲများသည်လည်း ကမ္ဘာ့ A အဆင့် ကားပြပွဲများစာရင်းတွင် ကြာမြင့်စွာ ပါဝင်လျက်ရှိသည်။ သို့သော် မကြာသောနှစ်များအတွင်း ကားပြပွဲ၏ အနှစ်သာရမှာ နက်ရှိုင်းစွာ ပြောင်းလဲလျက်ရှိသည်။ ၎င်းသည် နိုင်ငံဖြတ်ကျော် မော်တော်ကားကုမ္ပဏီများအတွက် ကုန်ပစ္စည်းများ တစ်ဖက်သတ် ပြသသည့် စင်မြင့် မဟုတ်တော့ဘဲ တရုတ်မော်တော်ကားစက်မှုလုပ်ငန်းကို “အဓိကဇာတ်ဆောင်”အဖြစ်ထားကာ နည်းပညာမှသည် ကုန်အမှတ်တံဆိပ်အထိ အလုံးစုံ ထွန်းကားလာမှုကို ကမ္ဘာသို့ ပြသသည့် နေရာ ဖြစ်လာသည်။

 

ပြခန်းများအတွင်းရှိ နွေးထွေးလှိုက်လှဲသော အငွေ့အသက်များက တရုတ်ကုန်အမှတ်တံဆိပ်များ၏ နိုင်ငံရပ်ခြားစျေးကွက်တွင် အမှန်တကယ် အောင်မြင်မှုများကို ရောင်ပြန်ဟပ်နေသည်။ နိုင်ငံတကာ မီဒီယာများ၏ ကင်မရာများက တရုတ်ကားအသစ်များဆီသို့ ဦးတည်သွားသည်နှင့်အမျှ နိုင်ငံရပ်ခြား စားသုံးသူများကလည်း အော်ဒါမှာယူမှုများဖြင့် ယုံကြည်မှုလက်မှတ် ထိုးပေးခဲ့ပြီဖြစ်သည်။

 

အဆင့်သစ်သို့ ပြောင်းလဲခြင်း – “စျေးနှုန်း-စွမ်းဆောင်ရည် အချိုး”မှ “ဉာဏ်ရည်-စျေးနှုန်းအချိုး”သို့

 

နိုင်ငံခြားသားများ တရုတ်ကားများကို နှစ်ခြိုက်လာရခြင်းမှာ စျေးနှုန်းချိုသာမှုကြောင့်သာ မဟုတ်ပါ။ ယခုကားပြပွဲတွင် တရုတ်ကုန်အမှတ်တံဆိပ်များက အဓိက နည်းပညာပေါင်းများစွာကို တစ်စုတစ်စည်းတည်း ထုတ်ပြန်ကြေညာခဲ့ပြီး အသိဉာဏ်ရှိ မောင်းနှင်မှု၊ ကိုယ်တိုင်တီထွင်ထားသော ချစ်ပ်များ၊ ဘက်ထရီအမျိုးအစားသစ်များ၊ မော်တော်ကားတစ်စီးလုံး၏ တည်ဆောက်ပုံ၊ အသိဉာဏ်ရှိ ထိုင်ခုံစသည့် နယ်ပယ်များစွာ ပါဝင်ပြီး အရေအတွက်မှာ သမိုင်းတွင် စံချိန်သစ် ဖြစ်သည်။ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှ ကုမ္ပဏီကြီးများ၏ တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုမှာလည်း တရုတ်နည်းပညာ၏ ဩဇာလွှမ်းမိုးမှုကို တစ်ဖက်တစ်လမ်းမှ သက်သေထူသည်။

 

ဖွဲ့စည်းပုံအသစ် – “ထောက်ပံ့ရေးကွင်းဆက်နောက်လိုက်”မှ “ဆုံးဖြတ်ချက်ချမှတ်ရာတွင် ရှေ့ဆောင်အဖြစ်”သို့

 

လက်ရှိတွင် နိုင်ငံဖြတ်ကျော် မော်တော်ကားကုမ္ပဏီ တော်တော်များများက အဓိက သုတေသနနှင့် ဆန်းသစ်တီထွင်ရေး ဆုံးဖြတ်ချက်များ၊ ကမ္ဘာ့ပထမဆုံးပြသမည့် မော်ဒယ်များ၊ ထောက်ပံ့ရေးကွင်းဆက်ပူးပေါင်းဆောင်ရွက်မှု မူဘောင်များကို တရုတ်တွင် ပြုလုပ်ကာ ကားပြပွဲသို့ ယူဆောင်လာကြသည်။ ကားပြပွဲ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း ပြောင်းလဲစေခဲ့သည်။ ၎င်းသည် ပြသသည့် စင်မြင့်တစ်ခုမျှသာ မဟုတ်တော့ဘဲ ကမ္ဘာ့မော်တော်ကားစက်မှုလုပ်ငန်းအတွက် စည်းမျဉ်းများ သတ်မှတ်ရန်၊ သဘောတူညီမှုများ ဖန်တီးရန်အတွက် “ဆွေးနွေးခန်းမ”ကြီး ဖြစ်လာသည်။

 

ထို့အတူ ယခုနှစ် ပေကျင်းကားပြပွဲတွင် အသစ်ဖွင့်လှစ်လိုက်သော မြို့တော်အပြည်ပြည်ဆိုင်ရာ ပြပွဲစင်တာအသစ်သည် ရွှမ်ယီခန်းမနှင့် တောင်နှင့်မြောက်ဘက် ကပ်လျက်တည်ရှိပြီး စင်္ကြံတံတားဖြင့် ချောမွေ့စွာ ဆက်သွယ်ထားကာ “ကားတစ်စီးလုံး + ထောက်ပံ့ရေးကွင်းဆက်” တစ်ခုလုံး ချိတ်ဆက်ဆောင်ရွက်သည့် ဧရာမ ပြပွဲဇုန်ကြီးကို ဖွဲ့စည်းထားသည်။ အချက်အလက်များအရ အပိုပစ္စည်း အစိတ်အပိုင်း ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ လွှမ်းခြုံသော နိုင်ငံနှင့် ဒေသအရေအတွက်မှာ ၂၀၂၄ ခုနှစ်၏ ၁၃ ခုမှ ၂၁ ခုအထိ တိုးလာခဲ့သည်။ “ကုန်ပစ္စည်းနှင့် နည်းပညာများအပြင် တရုတ်၏ တည်ငြိမ်သော ထောက်ပံ့ရေးကွင်းဆက်သည် ကမ္ဘာ့မော်တော်ကားစက်မှုလုပ်ငန်းအတွက် ရှာဖွေရခက်သော ‘တည်ငြိမ်မှု’ကို ပေးအပ်လျက်ရှိသည်”ဟု နိုင်ငံခြား အရောင်းကိုယ်စားလှယ်အဖွဲ့တစ်ခုမှ တာဝန်ရှိသူက သတင်းထောက်အား ပြောကြားခဲ့သည်။

2025上海车展比亚迪展台探秘:车型与技术的双重盛宴-新浪汽车