နိုင်ငံရပ်ခြားတွင် အမြစ်တွယ်နေသည့် ရေရှည်ဝါဒ

တရုတ်မော်တော်ကားများ နိုင်ငံရပ်ခြားသို့ ရောက်ရှိခြင်းသည် “ကားကို ပို့ဆောင်ခြင်း”ဆိုသည့် မူလအဆင့်ကို ကျော်လွန်ခဲ့ပြီး BYD ၊ Changan ၊ Xpeng ကဲ့သို့သော ထိပ်သီးမော်တော်ကားလုပ်ငန်းများသည် “ဂေဟစနစ် နိုင်ငံရပ်ခြားရောက်ရှိခြင်း”ကို အားသွန်ခွန်စိုက် တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။ တစ်ကမ္ဘာလုံးတွင် ပြီးပြည့်စုံသော ကုန်ထုတ်ဂေဟကွင်းဆက်ကို ဖွဲ့စည်းတည်ဆောက်နေပြီး “ထုတ်ကုန်ပစ္စည်း နိုင်ငံရပ်ခြား ရောက်ရှိခြင်း” မှ “ကုန်ထုတ်လုပ်ငန်း အမြစ်တွယ်ခြင်း” အထိ နက်ရှိုင်းသော ပုံစံပြောင်းလဲမှုကို အကောင်အထည်ဖော်နိုင်ခဲ့ကာ ဤနောက်ကွယ်တွင် တရုတ်မော်တော်ကားလုပ်ငန်းသီအိုရီ၏ အဆင့်မြှင့်တင်မှုပင် ဖြစ်ပါသည်။
ဒေသတွင်းကုန်ထုတ်လုပ်မှုသည် ဂေဟစနစ် နိုင်ငံရပ်ခြားရောက်ရှိခြင်း၏ အမြင်သာဆုံးသော ပေါ်လွင်မှု ဖြစ်ပါသည်။ ကုန်သွယ်ရေးကာဆီးမှုကို ရှောင်တိမ်းရန်နှင့် ဈေးကွက်လိုအပ်ချက်ကို ချဉ်းကပ်ရန်အတွက် တရုတ်မော်တော်ကားလုပ်ငန်းသည် ပင်လယ်ရပ်ခြား ကုန်ထုတ်လုပ်ငန်းအခြေစိုက်စခန်းနှင့် သုတေသနပြု ထုတ်လုပ်ရေးစင်တာတို့ကို အလျင်အမြန် နေရာချထားဆောင်ရွက်နေပြီး “တစ်ကမ္ဘာလုံးအရင်းအမြစ် + ဒေသတွင်းထုတ်လုပ်မှု”ပုံစံအနေအထားကို ဖြစ်လာစေခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ပထမဆုံးသော EV တပ်ဆင်လမ်းကြောင်းသည် စတင်ထုတ်လုပ်နေပြီဖြစ်ပြီး တရုတ်-မြန်မာလုပ်ငန်း ပူးပေါင်းဆောင်ရွက်တည်ဆောက်၍ SKD စနစ်ဖြင့် Changan ကားပုံစံကို ထုတ်လုပ်ကာ ကနဦးကာလတွင် တစ်နှစ်လျှင် ကားအစီးရေ ၁ သောင်းထုတ်လုပ်၍ ဒေသခံကျွမ်းကျင်လုပ်သား ၁၇၂ ဦးခေါ်ယူသွားမည်ဖြစ်သည်။ BYD အင်ဒိုနီးရှားစက်ရုံသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တည်ဆောက်ပြီးစီး၍ တစ်နှစ်လျှင် ကားအစီးရေ ၁.၅ သိန်းထုတ်လုပ်နိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းသစ် ၁.၈ သောင်းနေရာ ထပ်တိုးပေးနိုင်မည်ဖြစ်သည်။ Xpeng မလေးရှားစက်ရုံသည် ၂၀၂၆ ခုနှစ်တွင် အရေအတွက်များစွာ ထုတ်လုပ်နိုင်ရန် စီမံထားပြီး အာဆီယံညာမောင်း ကားဈေးကွက်ကို သက်ရောက်လာစေနိုင်ပါမည်။

ဥရောပ-အမေရိကဈေးကွက်၏ နေရာချထားမှုသည် မဟာဗျူဟာနက်ရှိုင်းမှု ပို၍ပြည့်စုံပါသည်။ BYD ဂျာမနီစက်ရုံသည် တရုတ်မော်တော်ကားလုပ်ငန်းများ၏ ဥရောပတွင် ပထမဆုံးသော တစ်ဦးတည်းရင်းနှီးမြှုပ်နှံသည့် မော်တော်ကားစက်ရုံအဖြစ် တစ်နှစ်လျှင် အစီးရေ ၂ သိန်းထုတ်လုပ်နိုင်ပါသည်။ SAIC အင်္ဂလန်စက်ရုံသည် အဆင့်မြှင့်တင်ပြီးနောက် တစ်နှစ်လျှင် အစီးရေ ၁.၅ သိန်းအထိ ထုတ်လုပ်နိုင်ပြီး ဥရောပတစ်ခွင်လုံးကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ပါသည်။ Chery မော်တော်ကားသည် စပိန်တွင် ဒေသခံအမှတ်တံဆိပ် ပြောင်းလဲလိုက်ပြီးနောက် စက်ရုံသစ်သည် လူပေါင်း ၂၀၀၀ ကျော်၏ အလုပ်အကိုင်အခွင့်အလမ်းကို ဖြေရှင်းပေးနိုင်ခဲ့ပြီး ကားပုံစံသည် ဥရောပဝယ်ယူသူများ၏ ဓာတ်အားခံနိုင်မှုနှင့် စမတ်စနစ်တို့၏ လိုအပ်ချက်များကို ကိုက်ညီစေခဲ့ပါသည်။
ဂေဟစနစ် နိုင်ငံခြားသို့ ရောက်ရှိလာခြင်းသည် ကုန်ထုတ်လုပ်ငန်းကွင်းဆက်စုံအထိ ရောက်ရှိလာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အထိ တရုတ်လုပ်ငန်းများသည် ထိုင်းနိုင်ငံတွင် မော်တော်ကား အပိုပစ္စည်းစက်ရုံ ၂၀၀ ခန့်ကို တည်ထောင်ခဲ့ပါသည်။ CATL ၊ EVE Energy စသည်တို့သည် ဥရောပတွင် ဘက်ထရီစက်ရုံနေရာချထားခဲ့ပြီး ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်ကို တည်ဆောက်ခဲ့ပါသည်။ SAIC အင်္ဂလန်စက်ရုံ ဘေးပတ်လည်သည် ကီလိုမီတာ ၅၀ အပိုပစ္စည်းကွင်းဆက်ဖြစ်လာခဲ့ပြီး SAIC နိုင်ငံခြားဌာန သည် အပိုပစ္စည်းအခြေစိုက်စခန်း ၁၀၀ ကျော်၊ အရောင်းကိုယ်စားလှယ်ကွန်ရက်အခု ၃၀၀၀နှင့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးသင်္ဘောအဖွဲ့ကို ပိုင်ဆိုင်ထားပါသည်။

ဝယ်ယူပြီးနောက် ဝန်ဆောင်မှုနှင့် စွမ်းအင်ဖြည့်တင်းစနစ်သည် တစ်ပြိုင်နက်တည်း ပြီးပြည့်စုံခဲ့သဖြင့် ဒေသတွင်းနာမည်ရမှုကို ခိုင်ခံ့စေခဲ့ပါသည်။ Chery သည် ဥရောပဝန်ဆောင်မှုကွန်ရက်ကို တည်ဆောက်ခဲ့ပြီး အပိုပစ္စည်းများ သိုလှောင်ခြင်းနှင့် ဒေသခံကျွမ်းကျင်လုပ်သားများ မွမ်းမံခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ NIO သည် ဥရောပတွင် ဘက်ထရီငှားရမ်းဝန်ဆောင်မှုကို လုပ်ဆောင်ခဲ့ပြီး ဂျာမနီ၊ နော်ဝေ၊ နယ်သာလန် စသည့်နိုင်ငံတို့တွင် ဘက်ထရီလဲစခန်း ၂၀ ကို တည်ဆောက်ခဲ့သဖြင့် သုံးစွဲသူများ၏ စွမ်းအင်ဖြည့်တင်းမှုအပေါ် ပူပန်နေမှုကို ဖယ်ရှားပေးနိုင်ခဲ့ပါသည်။
Roland Berger တစ်ကမ္ဘာလုံးဆိုင်ရာ အဆင့်မြင့်မိတ်ဖက်ကျန့်ယွင်က တရုတ်မော်တော်ကားလုပ်ငန်း၏ တစ်ကမ္ဘာလုံးအဆင့်သည် မျိုးစုံလင်သော နိုင်ငံရပ်ခြားရောက်ရှိမှုပုံစံကို ပေါ်လွင်နေကြောင်း ဆိုခဲ့ပါသည်။ သီးခြားမော်တော်ကားထုတ်လုပ်ခြင်းမှသည် ဂေဟစနစ်တစ်ခုလုံး နေရာချထားမှုအထိ တရုတ်မော်တော်ကားလုပ်ငန်းသည် “ဒေသတွင်း၌ အခြေကျအမြစ်တွယ်၍ ဒေသတွင်း၌ ရှင်သန်ကြီးထွား ခြင်း” ဆိုသည့် သဘောတရားဖြင့် “Made in China”၏ တန်ဖိုးကို မြှင့်တင်ပေးနိုင်ခဲ့ရုံသာမက တစ်ကမ္ဘာလုံးမှ မော်တော်ကားလုပ်ငန်းဂေဟစနစ်အတွက်လည်း ခွန်အားသစ်များ သွတ်သွင်းပေးနိုင်ခဲ့ပြီး အနာဂတ်တွင် တစ်ကမ္ဘာလုံးဈေးကွက်၌ ပို၍အရေးပါသောနေရာတွင် ရပ်တည်နိုင်ရန် မျှော်လင့်ထားပါသည်။