ယူနန်ပြည်နယ်က တရုတ်-လာအို သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲ ကူမင်းမြို့၌ကျင်းပ
云南网|
ဧပြီလ ၂၃ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ တရုတ်-လာအို သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ်နှင့် “တရုတ်-လာအို ချစ်ကြည်ရေးနှစ်” ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
၁၉၆၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် တရုတ်နှင့် လာအိုနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်။ လွန်ခဲ့သော ၆၅ နှစ်တာကာလအတွင်း နှစ်နိုင်ငံစလုံးသည် အပြန်အလှန် ရင်းနှီးစွာ ဖေးမကူညီ ပံ့ပိုးခဲ့ကြသည်။ တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့၏ နယ်နမိတ်ချင်း ထိစပ်နေသော တစ်ခုတည်းသော ပြည်နယ်ဖြစ်သည့် ယူနန်ပြည်နယ်သည် တရုတ်-လာအို ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်-လာအိုရထားလမ်းသည် “ရွှေလမ်းကြောင်း” အဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်လာပြီး ယူနန်-လာအို ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများ တည်ငြိမ်စွာ တိုးတက်လာကာ တရုတ်-လာအို ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် ခွန်အားသစ်များ ဖြည့်ဆည်းပေးလျက်ရှိသည်။
ထိုနေ့တွင်ပင် ယူနန်ပြည်နယ်၏ တရုတ်-လာအို သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ် နှင့် “တရုတ်-လာအို ချစ်ကြည်ရေးနှစ်” ဧည့်ခံပွဲကိုလည်း ကျင်းပခဲ့ရာ လူမှုအသိုင်းအဝိုင်းအသီးသီးမှ ပုဂ္ဂိုလ်များက ခင်မင်ရင်းနှီးမှုကို ပြန်လည်သတိရကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကျွမ်းဟော်နှင့် လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အနူပါ ဝေါင်နော်ကျိုး (Anouparb Vongnorkeo) တို့သည် အဆိုပါပွဲများသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြသည်။
