“ရှီကျင့်ဖိန်၏ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ ပြောကြားချက်များ” (အတွဲ-၅) အင်္ဂလိပ် ဗားရှင်း တရုတ်-အင်ဒိုနီးရှားမိတ်ဆက်ပွဲကို ဂျာကာတာမြို့တွင် ကျင်းပ
CRI|
“ရှီကျင့်ဖိန်၏ နိုင်ငံတော်စီမံခန့်ခွဲရေးဆိုင်ရာ ပြောကြားချက်များ”(အတွဲ-၅) အင်္ဂလိပ် ဗားရှင်း တရုတ်-အင်ဒိုနီးရှားမိတ်ဆက်ပွဲကို ဧပြီလ ၂၈ ရက်နေ့တွင် ဂျာကာတာမြို့၌ ကျင်းပခဲ့ပါသည်။
ယခုအကြိမ်မိတ်ဆက်ပွဲကို တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး၊ အင်ဒိုနီးရှားလူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(Ministry of Transmigration)၊ China International Communications Group(CICG)နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ပူးတွဲကျင်းပခြင်း ဖြစ်ပါသည်။ အဆိုပါမိတ်ဆက်ပွဲသို့ တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံမှ ဧည့်သည်တော်များနှင့် ပုံနှိပ်ထုတ်ဝေရေး၊ တတ်သိပညာရှင်များအဖွဲ့၊ မီဒီယာအပါအဝင် လုပ်ငန်းပေါင်းစုံမှ ကိုယ်စားလှယ် ၂၀၀ ခန့် တက်ရောက်ခဲ့ကြပါသည်။