အရှေ့တောင်အာရှ ။ ။ မသေချာမှုများအတွင်း အလားအလာနှင့် ခိုင်မြဲမှုကို ပြန်လည်တည်ဆောက်ခြင်း

၂၀၂၅ ခုနှစ်၏ အရှေ့တောင်အာရှသည် အဓိကလမ်းကြောင်း ၂ ကြောင်း၏ ဆွဲအားများကို အမြဲတစေ ခံခဲ့ရပါသည်။ ပထမလမ်းကြောင်းမှာ အာဆီယံသည် ၂၀၄၅ ခုနှစ်၏ Top-Level Design နှင့် ဒေသခွဲစီမံကိန်း လျင်မြန်စွာ အခြေကျအကောင်အထည်ဖော်ရေး ဆောင်ရွက်ခြင်းဖြစ်ပြီး ဒေသတွင်းအုပ်ချုပ်မှုသည် စနစ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် အကောင်အထည်ဖော်မှုကို ပိုမိုအလေးထားလာခြင်း ဖြစ်ပါသည်။ ဒုတိယလမ်းကြောင်းမှာ ဒေသတွင်းအချင်းဖြစ်ပွားမှုနှင့် ပြင်းထန်သော မိုးလေဝသဘေးအန္တရာယ်များ မကြာခဏဖြစ်ပွားခြင်း ဖြစ်ပါသည်။ ထိုလမ်းကြောင်းတို့ စပ်ယှက်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ ရှင်းလင်းပြတ်သားသော တည်နေရာကို ရေးဆွဲလာနိုင်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်တွင် အရှေ့တောင်အာရှ၏ ဖွဲ့စည်းပုံအကျဆုံးသော ပြောင်းလဲမှုမှာ အာဆီယံသည် ၂၀၂၅ ခုနှစ် ရှေ့ရေးဖြစ်နိုင်စွမ်းကာလမှ ၂၀၄၅ ခုနှစ် ရှေ့ရေးဖြစ်နိုင်စွမ်းကာလသို့ ချိတ်ဆက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ “အာဆီယံကြမ္မာတူအသိုက်အဝန်း ရှေ့ရေးဖြစ်နိုင်စွမ်း ၂၀၄၅ ခုနှစ် ။ ။ ကျွန်ုပ်တို့၏ တူညီသော အနာဂတ်”နှင့် နိုင်ငံရေးလုံခြုံမှု၊ စီးပွားရေး၊ လူ့အဖွဲ့အစည်းနှင့် ယဉ်ကျေးမှုဆိုသည့် မဟာဗျူဟာကျစီမံချက် အဓိကမဏ္ဍိုင်ကြီး ၃ ရပ် ဆက်တိုက်ထုတ်ပြန်ခြင်းဖြင့် စနစ်ပို၍ကျသော မူဝါဒမူဘောင်ဖြစ်လာစေခဲ့ပြီး ယန္တရားအကျိုးသက်ရောက်မှု၊ အရင်းအမြစ် စုစည်းဆောင်ရွက်မှုစသည့် သေချာတိကျသည့် လိုအပ်ချက်များကိုလည်း အဆိုပြုခဲ့ပါသည်။
အပြန်အလှန် ဆက်သွယ်ပေါက်ရောက်သည့်နယ်ပယ်တွင် “အာဆီယံ အပြန်အလှန် ဆက်သွယ်ပေါက်ရောက်ရေး မဟာဗျူဟာကျစီမံချက် (၂၀၂၆-၂၀၃၅)သည် ယခင်စီမံချက်များ၏ အခြေခံ၌ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဆက်သွယ်ပေါက်ရောက်ရေး စသည့်စနစ်များ တိုးမြှင့်ဆောင်ရွက်ရန် အလေးထားခဲ့ပြီး စီမံချက်ဖြင့် စည်းမျဉ်းစည်းကမ်းနှင့် စွမ်းဆောင်ရည်တို့ကို တူညီစွာ အလေးထားသော ပြောင်းလဲမှုဖြစ်လာစေရန် အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ စီးပွားရေးမဏ္ဍိုင်အပိုင်းတွင် “အာဆီယံ စီးပွားရေးကြမ္မာတူအသိုက်အဝန်း မဟာဗျူဟာကျစီမံချက် (၂၀၂၆-၂၀၃၀)”သည် တစ်သားတည်းကျမှု၊ ခိုင်မြဲမှု၊ အသွင်ပြောင်းအသေးစိတ်နေရာချထားမှုတို့ကို ဗဟိုပြု၍ ဈေးကွက်ပေါင်းစည်းရေး၊ ကုန်ထုတ်ကွင်းဆက်ခိုင်မြဲမှု တိုးမြှင့်လာစေရေး စသည့်အကြောင်းအရာများကို အာရုံထားကာ ဒေသတွင်းစီးပွားရေး စီမံခန့်ခွဲမှုအတွက် ခန့်မှန်းကာလကို ခိုင်ခံ့စေခဲ့ပြီး ကုန်ထုတ်လုပ်ငန်း လက်ခံဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံရေး ဆွဲဆောင်မှုများအတွင်း မူဝါဒပြောင်းလဲမှု၏ သက်ရောက်ခြင်းကို ကျဆင်းစေခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများ တိုးချဲ့ခြင်းသည်လည်း သမိုင်းဝင်သည့် ခြေလှမ်းတစ်ရပ်ကို လျှောက်လှမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး အရှေ့တီမောနိုင်ငံသည် အောက်တိုဘာလ အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် ၁၁ ဦးမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကာ အရှေ့တောင်အာရှ ပထဝီအနေအထားအရ ဖုံးလွှမ်းခြင်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ အာဆီယံအတွက် ဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်များကို လျှော့ချပေးနိုင်ခဲ့ပြီး ယန္တရားမှ လက်ခံဆောင်ရွက်နိုင်အား တိုးမြှင့်ပေးခြင်းဖြင့် လက်တွေ့စမ်းသပ်မှုကို သယ်ဆောင်လာခဲ့ပါသည်။

လုံခြုံမှုအပိုင်းတွင် ၂၀၂၅ ခုနှစ်၌ အရှေ့တောင်အာရှ၏ သမရိုးကျမှုနှင့် သမရိုးကျမှုမဟုတ်သော လုံခြုံရေးအန္တရာယ်များသည် ထပ်ဆင့်ကာ မြင့်မားလာပါသည်။ ပြင်ပသို့ ယိုစိမ့်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုဆိုသည့် ထူးခြားချက်များ လွန်စွာမြင်သာပါသည်။ နှစ်ကုန်ပိုင်းမှ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဆိုးရွားလာခြင်းသည် လူသားများ သေကြေဒဏ်ရာရခြင်းနှင့် အိုးအိမ်ဆုံးရှုံးခြင်းများ ဖြစ်စေခဲ့ပါသည်။ အာဆီယံသည် အထူးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးခေါ်ဆို၍ အခြေအနေများ အေးချမ်းလာစေရန် ဆောင်ရွက်ခဲ့ပါသည်။ တရုတ်နိုင်ငံသည်လည်း ဘက်ပေါင်းစုံ တွေ့ဆုံမှုများဖြင့် ပဋိပက္ခများအား နိုင်ငံရေးနည်းလမ်းအတိုင်း ဖြေရှင်းနိုင်ရန်အတွက် ဆွေးနွေးနိုင်မည့် အခြေအနေများ ဖန်းတီးနိုင်ခဲ့ပါသည်။ ဤသည်မှာလည်း ဒေသတွင်း အဆင်မပြေမှုများ အဆင်ပြေလာစေရန် နှစ်ဦးနှစ်ဖက် ဆွေးနွေးပြောဆိုခြင်း၊ အာဆီယံ ဆွေးနွေးညှိနှိုင်းခြင်းနှင့် နိုင်ငံကြီး၏ စေ့စပ်ဖျန်ဖြေခြင်းဆိုသည့် အဆင့်အသီးသီးသော ယန္တရားများ လိုအပ်ကြောင်း သက်သေပြနေပါသည်။ မြန်မာနိုင်ငံအခြေအနေသည် ဒေသတွင်းလုံခြုံရေး၏ အဓိကအပြောင်းအလဲဖြစ်ပါသည်။ ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားနေခြင်း၊ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ဆိုးရွားနေခြင်းဆိုသည့် အခြေအနေများအောက်တွင် ၎င်း၏ အပိုင်းခွဲ၍ ကျင်းပခဲ့သည့် ရွေးကောက်ပွဲကျင်းပခြင်းသည် တစ်ကမ္ဘာလုံး၏ အလေးထား အာရုံစိုက်မှုကို ခံခဲ့ရပါသည်။ အာဆီယံသည် မူလသဘောတရားကို လိုက်နာခြင်း၊ ဆွေးနွေးပြောဆိုမှုကို တိုးမြှင့်ဆောင်ရွက်စေခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းနှင့် ပြင်ပယိုစိမ့်မှုအန္တရာယ်ကို ထိန်းချုပ်ခြင်းဖြင့် အကျိုးသက်ရောက်သော နိုင်ငံရေးလက်တွဲညီမှုကို ဆောင်ရွက်သင့်ပါသည်။ ဤသည်မှာ ၎င်း၏ ဘေးအန္တရာယ်ဖြေရှင်းသည့်စွမ်းဆောင်ရည်နှင့် “အာဆီယံစတိုင်”၏ ယုံကြည်နိုင်စွမ်းတို့နှင့် တိုက်ရိုက်သက်ဆိုင်ပါသည်။ သမုဒ္ဒရာထက်လုံခြုံရေးနယ်ပယ်တွင် တောင်ပင်လယ်သည် ဒေသတွင်း စည်းစနစ်တည်ထောင်ခြင်း၏ အဓိကအကြောင်းအရာဖြစ်နေဆဲပါ။ တရုတ်နိုင်ငံနှင့် အာဆီယံသည် “တောင်ပင်လယ်လှုပ်ရှားမှုအခြေခံမူများ”နှင့်ပတ်သက်သည့် ဆွေးနွေးမှုများကို ယမန်နှစ်အတွင်း စာရွက်စာတမ်းအရ ၃ ကြိမ်တိုင် ဆွေးနွေးအောင်မြင်ခဲ့ပါသည်။ နိုင်ငံအသီးသီးက ဆွေးနွေးပြောဆိုမှုကို ထိန်းသိမ်းထားနိုင်ရန်၊ သဘောထားကွဲလွဲမှုများအား ထိန်းချုပ်နိုင်ရန်၊ ကာလအပိုင်းအခြားအလိုက် အောင်မြင်မှုများ ရရှိစေရေး ကြိုးစားဆောင်ရွက်သွားရန် အလေးထားပြောကြားခဲ့ပါသည်။ သမရိုးကျမဟုတ်သော လုံခြုံရေးအန္တရာယ်များသည်လည်း ဆွေးနွေးရန် အကြောင်းအရာများ ဖြစ်လာခဲ့ပါသည်။ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနှင့်လိမ်ညာမှု၊ လူကုန်ကူးမှု စသည့်ပြဿနာများသည် ဒေသတွင်းပြည်သူ့ဘဝနှင့် အုပ်ချုပ်ရေးကို ထိခိုက်စေပါသည်။ နိုင်ငံအသီးသီးကို တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုနှင့် သတင်းအချက်အလက် မျှဝေခြင်းများ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်း လက်တွေ့ကျသော ပူးတွဲဆောင်ရွက်မှု၏ အဓိကအကြောင်းအရာများ ဖြစ်လာခဲ့ပါသည်။
ပြင်းထန်သော သဘာဝဘေးအန္တရာယ်များ၏ အကြိမ်များစွာ ထိုးနှက်မှုများသည် အရှေ့တောင် အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ခြင်း ခိုင်ခံ့မှု၏ အဓိကတိုင်းတာမှု ဖြစ်လာစေခဲ့ပါသည်။ ဒေသတွင်း တည်ဆောက်ရေး အရှိန်အဟုန်တိုးမြှင့်နိုင်ရန်အတွက်လည်း တွန်းအားများ ဖြစ်စေခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်မှုသည် များပြားလှသော ဒဏ်ရာရသေဆုံးမှုနှင့် အခြေခံအဆောက်အအုံပျက်စီးမှုများ ဖြစ်ပွားစေခဲ့ပြီး ငလျင်ပြီးနောက် ပြန်လည်ထူထောင်ရေးသည် ပြည်တွင်းပဋိပက္ခများကြောင့် ပိုမိုခက်ခဲစေခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် တိုင်ဖုန်းမုန်တိုင်းကာလတွင် အကြိမ်များစွာသော မုန်တိုင်းတိုက်ခတ်မှုကို ခံခဲ့ရသဖြင့် ကျွန်းနိုင်ငံများ၏ ရာသီဥတုဆိုင်ရာ အားနည်းမှုများကို မြင်သာစေခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံသည် တိုင်ဖုန်းမုန်တိုင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေဘေးဒုက္ခများ ဖြစ်ပွားခဲ့ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ပြည်သူ့အကျိုးပြု အခြေခံအဆောက်အအုံများ ပြင်းထန်သော ဆုံးရှုံးပျက်စီးမှု ဖြစ်စေခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ရေကြီးမှုများ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်း စီးပွားရေးနှင့် လူမှုဘဝနေထိုင်မှုကို စဉ်ဆက်မပြတ် ထိခိုက်မှုများ ရှိစေခဲ့ပါသည်။ ဘေးအန္တရာယ်များ ပုံမှန်ဖြစ်ပွားနေခြင်းသည် ဘေးအန္တရာယ်ကာကွယ်ရေးကို အဆိုပြုချက်မှ မရှိမဖြစ် လိုအပ်ချက်အဖြစ် ပြောင်းလဲလာစေခဲ့ပြီး အာဆီယံသည် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေး၊ အရေးပေါ်ပူးတွဲဆောင်ရွက်ရေး၊ အဓိကကျသော အခြေခံအဆောက်အအုံများ ခိုင်ခံ့စွာ တည်ဆောက်ရေးကို မည်သို့ဆောင်ရွက်မည်နည်းဆိုသည့်မေးခွန်းသည် အပြန်အလှန် ဆက်သွယ်ပေါက်ရောက်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ဆွေးနွေးမှုများအတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်နေပြီ ဖြစ်ပါသည်။ ဤသည်မှာ ဒေသတွင်း ပူးတွဲဆောင်ရွက်မှု အရည်အသွေးနှင့် ယန္တရားစွမ်းဆောင်ရည်တို့၏ အဓိကညွှန်းကိန်းကို ပေါ်လွင်စေမှု ဖြစ်လာစေခဲ့ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရှေ့တောင်အာရှသည် တစ်ကမ္ဘာလုံးတွင် တိုးတက်မှု လွန်စွာတက်ကြွသော အပိုင်းတစ်ခုဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု သဘောတရားသည် အမြန်နှုန်းမှ အရည်အသွေးနှင့် ခိုင်မာမှု အတူယှဉ်တွဲခြင်းသို့ ဦးစားပေးပြောင်းလဲလာခဲ့ပါသည်။ လုပ်ငန်းထောက်ပံ့ကွင်းဆက် ထပ်မံနေရာချထားမှုနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ စီးဆင်းလာမှုသည် ဗီယက်နမ်၊ မလေးရှား စသည့်နိုင်ငံများအတွက် ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်မည့် အခွင့်အလမ်း ဖြစ်လာစေခဲ့ပြီး စင်ကာပူနိုင်ငံမှာမူ ဘဏ္ဍာရေးနှင့် အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်စုစည်းလုပ်ဆောင်နိုင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် အဖွဲ့ဝင်သစ် အရှေ့တီမော စသည့်နိုင်ငံတို့သည် အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် စသည့်အပိုင်းများတွင် အမီလိုက်မည်ဆိုသည့် ဖိအားများ ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ ဘရူနိုင်းနိုင်ငံသည်လည်း အရင်းအမြစ်ပုံစံ စီးပွားရေးအပြင် အခြားသော စဉ်ဆက်မပြတ်စွမ်းဆောင်ရည်ကိုလည်း ပျိုးထောင်ရန် လိုအပ်နေပါသည်။ အာဆီယံသည် စည်းမျဉ်းများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ စွမ်းဆောင်ရည်တည်ဆောက်ခြင်း စသည်တို့မှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျော့ကျလာစေနိုင်ပြီး ဒေသတွင်း အလုံးစုံထိုးနှက်အားခံနိုင်မှု တိုးမြှင့်လာစေရေး၏ အဓိကအချက် ဖြစ်လာစေနိုင်ပါသည်။ ၂၀၂၅ ခုနှစ်တွင် ဒစ်ဂျစ်တယ်စနစ်နှင့် အစိမ်းရောင်အသွင်ပြောင်းလဲခြင်းသည် ဒေသတွင်းမူဝါဒ၏ ဘုံအသိအဖြစ် တစ်ဆင့်တက်လှမ်းနိုင်ခဲ့ပါသည်။ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးမူဘောင်သည် ညှိနှိုင်းဆွေးနွေးမှုများဖြင့် လက်တွေ့ကျသော အောင်မြင်မှုကို ရရှိခဲ့ပါသည်။ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနှင့် နယ်စပ်ဖြတ်ကျော်စည်းမျဉ်းစည်းကမ်းများ ချိတ်ဆက်နိုင်ရေးအတွက် ယန္တရားအခြေခံကို ခိုင်မာစေခဲ့ပါသည်။ “၂၀၂၆ ခုနှစ် - ၂၀၃၀ ပြည့်နှစ် အာဆီယံ စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှုစီမံချက်”တွင် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်အချိုးအစား တိုးမြှင့်ရန်၊ စွမ်းအင်အကျိုးသက်ရောက်မှု တိုးမြှင့်ရန် စသည့်ရည်မှန်းချက်များနှင့် စွမ်းအင်အသွင်ပြောင်းလဲခြင်းမှ ကုန်ထုတ်လုပ်ငန်း အဆင့်မြှင့်တင်ခြင်း ဖြစ်ပေါ်လာစေရန်ကို အတည်ပြုခဲ့ပါသည်။ အာဆီယံသည် စံနှုန်းချိတ်ဆက်မှု၊ စောင့်ကြည့်ညှိနှိုင်းမှုများတွင် တည်ငြိမ်သော ခန့်မှန်းကာလဖြစ်လာနိုင်ခြင်း ရှိမရှိဆိုခြင်းသည် ၎င်း၏ ကုန်ထုတ်လုပ်ငန်း အခွင့်အလမ်းများ လက်ခံဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် တိုးတက်လာမှု၏ စွမ်းဆောင်ရည် တိုးမြှင့်ဆောင်ရွက်ခြင်းတို့ကို တိုက်ရိုက်သက်ရောက်နိုင်ပါသည်။

အကျဉ်းချုပ်ပြောရလျှင် ၂၀၂၅ ခုနှစ်၏ အရှေ့တောင်အာရှသည် တည်ငြိမ်မှုမရှိသော်လည်း ဒေသတွင်းသည် ယန္တရားအဆင့်မြှင့်တင်မှု၊ ဘေးအန္တရာယ်စီမံထိန်းချုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသွင်ပြောင်းမှုတို့ဖြင့် အလုံးစုံခန့်မှန်းကာလကို တည်ငြိမ်စေခဲ့ပါသည်။ အာဆီယံမှာမူ စီမံချက်အဆင့်မြှင့်တင်ခြင်း၊ ယန္တရားပြီးပြည့်စုံခြင်းနှင့် အဖွဲ့ဝင်တိုးပွားလာခြင်းတို့ဖြင့် အဖွဲ့အစည်း၏ စည်းလုံးမှုကို တိုးပွားလာစေခဲ့ပါသည်။ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲပြီးနောက် ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ၏ ဒေသတွင်းပူးတွဲဆောင်ရွက်ခြင်းများသည် “ဘေးအန္တရာယ်ကို ထိန်းချုပ်နိုင်သော လမ်းကြောင်းသို့ မည်သို့သွတ်သွင်းရမည်နည်း”ကိုလည်း ၂၀၂၆ ခုနှစ် မူဝါဒဆွေးနွေးမှု၏ အဓိကအပိုင်းသို့ ရောက်ရှိလာစေခဲ့ပါသည်။
တရုတ်နိုင်ငံနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် တည်ငြိမ်သော အင်အားများ သွတ်သွင်းနိုင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် “တရုတ်-အာဆီယံ ဘက်ပေါင်းစုံ မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံရေးလှုပ်ရှားမှုစီမံချက် (၂၀၂၆-၂၀၃၀)”ကို ထုတ်ပြန်ခဲ့ပြီး နှစ်ဦးနှစ်ဖက်၏ နယ်ပယ်မျိုးစုံ ပူးပေါင်းဆောင်ရွက်မှုအတွက် တိကျသေချာသော လမ်းပြမြေပုံ ဖြစ်လာစေခဲ့ပါသည်။ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးခဲ့သည့် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၃.၀ ဗားရှင်း အဆင့်မြှင့်တင်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး စသည့်နယ်ပယ်သစ်များကို ယန္တရားအတွင်း ထည့်သွင်းစီစဉ်ခဲ့ခြင်းဖြင့် ဒေသတွင်း ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ်ကို တည်ငြိမ်စေခဲ့ပါသည်။ လုံခြုံရေးနှင့် စည်းမျဉ်းစည်းကမ်း တည်ထောင်မှုအပိုင်းတွင် တောင်ပင်လယ်လှုပ်ရှားမှုနည်းဥပဒေ၏ ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး တရုတ်နိုင်ငံမှ အရှေ့တောင်အာရှ နျူကလီးယားလက်နက်မဲ့ဇုန် တည်ဆောက်ခြင်းကို လေးနက်စွာ အားပေးထောက်ခံကြောင်း အကြိမ်များစွာ တရားဝင်ဖော်ပြခဲ့ကာ သက်ဆိုင်ရာ သဘောတူစာချုပ်များကို အရင်ဦးစွာ လက်မှတ်ရေးထိုးသွားလိုကြောင်း ဖော်ပြခဲ့ပါသည်။ ဤလုပ်ဆောင်ချက်များသည် တရုတ်နိုင်ငံက အာဆီယံဗဟိုပြုအနေအထား၊ မိမိသဘောဖြင့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်ခြင်းတို့ကို အားပေးထောက်ခံမှုပေးကြောင်းကို အပြည့်အဝ ပေါ်လွင်စေပါသည်။

၂၀၂၆ ခုနှစ်သို့ မျှော်မှန်းကြည့်ပါက များပြားလှသော မသေချာမှုများကို ရင်ဆိုင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများသည် ပိုမိုပြီးပြည့်စုံသော ယန္တရားများ၊ ပိုမိုများပြားသော ဆွေးနွေးမှုကွန်ရက်နှင့် ပိုမိုလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့် စိန်ခေါ်မှုများကို ခိုင်ခံ့သော တည်ဆောက်မှုအဖြစ် ပြောင်းလဲပေးသည့် အင်အားတစ်ရပ် ဖြစ်လာစေပါမည်။ အာဆီယံသည် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းလုပ်ဆောင်ပြီး ညှိနှိုင်းဆွေးနွေးမှုများဖြင့် ဖြစ်ပေါ်လာသော ပြဿနာများ ဖြေရှင်းခြင်းကို လိုက်နာပါက ၂၀၄၅ ခုနှစ် မျှော်မှန်းကာလ၏ စီမံချက်ကို အသေးစိတ်လှုပ်ရှားမှုအတွက် အစောပိုင်းကာလအောင်မြင်မှုများ ရရှိလာစေနိုင်မည်ဖြစ်ပါသည်။ အရှေ့တောင်အာရှသည် မတည်ငြိမ်သော အပြင်ပိုင်းပတ်ဝန်းကျင်အတွင်း မဟာဗျူဟာကျ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ ညီမျှသော ခိုင်မြဲသည့်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့်လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းလာနိုင်မည်ဖြစ်ပါသည်။