中文 English {{ activeLangText || 'Languages' }} {{ item.text }}
မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ လာရောက်လေ့လာ၊ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံအား ကြည့်ရှုစစ်ဆေး
轮播图(缅甸语) > အကြောင်းအရာ

မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တရုတ်နိုင်ငံသို့ လာရောက်လေ့လာ၊ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံအား ကြည့်ရှုစစ်ဆေး

Eleven Myanmar|
分享到Facebook

မကြာသေးမီက မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကိုယ်စားလှယ်အဖွဲ့အား ဉီးဆောင်၍ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ပြီး တရုတ်နိုင်ငံရှိ Guangzhou Huan Tou Fushan Circular Economy Industrial Park သို့ ကွင်းဆင်းကြည့်ရှုခဲ့သည်။ အဆိုပါ စက်မှုဥယျာဉ်အတွင်းရှိ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံသည် တရုတ်နိုင်ငံ၏ အကြီးဆုံး အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများထဲမှ တစ်ခုဖြစ်သည်။

 

ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ စက်မှုဥယျာဉ်၏ အမှိုက်ခွဲခြားခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းမှသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအထိ လုပ်ငန်းစဉ်တစ်ခုလုံးနှင့် ထုတ်လုပ်လိုက်သော လျှပ်စစ်စွမ်းအား ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ထည့်သွင်းရောင်းချသည့် လုပ်ဆောင်မှုပုံစံတို့ကို အသေးစိတ် လေ့လာခဲ့သည်။ ထို့အပြင် ထုတ်လွှတ်မှုစံနှုန်းများအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးသည့် ဗဟိုထိန်းချုပ်ခန်းကိုလည်း သွားရောက်ကြည့်ရှုခဲ့သည်။ သိရှိရသည်မှာ အဆိုပါ အမှိုက်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံသည် တစ်နေ့လျှင် အမှိုက် တန် ၉၃၀၀ ကို ကိုင်တွယ်နိုင်ပြီး တစ်နှစ်လျှင် တန် ၃.၁ သန်းအထိ စီမံဆောင်ရွက်နိုင်ကာ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်ယူနစ် ၁.၂ ဘီလီယံကျော် ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်လိုက်သော လျှပ်စစ်ဓာတ်အားအား နိုင်ငံတော်ဓာတ်အားစနစ်သို့ ထည့်သွင်းရောင်းချသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သော စွမ်းအင်အရင်းအမြစ် အမျိုးအစားများကို အခြေခံ၍ အသင့်တော်ဆုံး လျှပ်စစ်ထုတ်လုပ်မှု ပေါင်းစပ်ဖွဲ့စည်းပုံကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ လျှပ်စစ်ထုတ်လုပ်ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များအတွင်း ဆုံးရှုံးမှုများကို လျှော့ချကာ လျှပ်စစ်ဓာတ်အား ပေးဝေမှု တိုးမြှင့်ရန်နှင့် သုံးစွဲသူများ၏ လျှပ်စစ်မီတာခ လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။