ဝမ်ယိသည် ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ ၃နိုင်ငံသို့ ခရီးလှည့်လည်မည်၊ ယခုအကြိမ် ခရီးစဉ်ဖြင့် သက်ဆိုင်ရာ နိုင်ငံများနှင့် ချစ်ကြည်ရေး နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနဆို
CRI|

ယခုလ ၂၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်းသည် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ရာ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိတ်ကြားချက်များ အရ ယခုလ ၂၂ရက်နေ့မှ ၂၆ရက်နေ့ အထိ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာ ၃နိုင်ငံသို့ ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား ခရီးစဉ် အတွင်း ဝမ်ယိသည် တရုတ် ကာကွယ်ရေး ဝန်ကြီး Dong Junတို့သည် တရုတ်-ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကာကွယ်ရေး ဝန်ကြီးများ“2+2” မဟာဗျူဟာ ဆွေးနွေးခြင်း ယန္တရား၏ ပထမဆုံး အကြိမ် အစည်းအဝေးသို့ အတူ တက်ရောက်ကြမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့အပြင် ကိုကျားခွန်းက ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်-ကမ္ဘောဒီးယား အကြား ခိုင်မာသော ချစ်ကြည်ရေးကို ပိုမို ခိုင်မာစေပြီး တရုတ်နှင့်ထိုင်း အကြား မိသားစုကဲ့သို့ ချစ်ခင်ရင်းနှီးမှု၏ အနှစ်သာရများကို တိုးပွားစေကာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ပြန့်ပွားစေ၍ သက်ဆိုင်ရာ နိုင်ငံများတွင် ပြည်သူများ အတွက် ပိုမို များပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်းလာပြီး ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အတွက် ပိုမို ကြီးမားသည့် အကျိုးပြုမှုများကို စွမ်းဆောင်နိုင်ရန် တရုတ် နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။