中文 English {{ activeLangText || 'Languages' }} {{ item.text }}
၁၆၄ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်း ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး လှုပ်ရှားမှု တရားဝင်စတင်
轮播图(缅甸语) > အကြောင်းအရာ

၁၆၄ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်း ပူးတွဲကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး လှုပ်ရှားမှု တရားဝင်စတင်

CRI|
分享到Facebook

ဧပြီလ ၂၀ရက်နေ့က ၁၆၄ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ဝှမ်း ပူးတွဲ ကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး လှုပ်ရှားမှု တရားဝင်စတင်ခဲ့ပါသည်။ နံနက် ၉နာရီက လှုပ်ရှားမှုကို ပါဝင်ကြသော တရုတ်၊ လာအို၊ မြန်မာ ၃နိုင်ငံမှ ဥပဒေစိုးမိုးရေးသင်္ဘောများသည် တရုတ်နိုင်ငံ ကျင်းဟားဆိပ်ကမ်း၊ လာအိုနိုင်ငံ ဘန်ရှောင်ကိုဆိပ်ကမ်း၊ မြန်မာနိုင်ငံ ဝမ်ဘုန်း ဆိပ်ကမ်းမှ အသီးသီးစတင်ခရီးလှည့်လည်ခဲ့ပြီး လှုပ်ရှားမှု၏အစီအစဉ်အရ  သက်ဆိုင်ရာ ကဏ္ဍအလိုက် စတင် ကင်းလှည့်ပြီးနောက် အဖွဲ့အားလုံးသည် မဲခေါင်မြစ်အတွင်း သတ်မှတ် ထားသော ရေပြင်၌ ဆုံတွေ့ကာ ပူးတွဲကင်းလှည့်ခြင်းနှင့် ဥပဒေစိုးမိုးရေး လုပ်ငန်းများကို အတူတကွ ဆောင်ရွက်ကြမည်ဖြစ်သည်။

ဤကင်းလှည့်ရေးနှင့် ဥပဒေစိုးမိုးရေး လှုပ်ရှားမှုသည် မြစ်ဝှမ်းဒေသ အတွင်း အွန်လိုင်းငွေလိမ်လည်မှု၊ မှောင်ခို ကူးသန်းမှုနှင့်  တရားမဝင်ခိုးဝင်မှု စသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန် အဓိက လုပ်ဆောင်သွားမည်ဖြစ်ပြီး  ရေယာဉ်များ ဘေးကင်းလုံခြုံရေးနှင့် မြစ်ဝှမ်းပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။