中文 English {{ activeLangText || 'Languages' }} {{ item.text }}
ရွှေလီမြို့တောင်အာရှနှင့် အရှေ့တောင်အာရှ အပူပိုင်းဒေသ စီးပွားရေးသီးနှံ မျိုးစေ့ပျိုးပင် အရောင်းအဝယ်ဗဟိုစင်တာ စတင်ဖွင့်လှစ်ခဲ့
သတင်း > အကြောင်းအရာ

ရွှေလီမြို့တောင်အာရှနှင့် အရှေ့တောင်အာရှ အပူပိုင်းဒေသ စီးပွားရေးသီးနှံ မျိုးစေ့ပျိုးပင် အရောင်းအဝယ်ဗဟိုစင်တာ စတင်ဖွင့်လှစ်ခဲ့

By Zhang Yingli|
分享到Facebook

မတ်လ ၁၈ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့၌ တောင်အာရှနှင့် အရှေ့တောင်အာရှ အပူပိုင်းဒေသ စီးပွားရေးသီးနှံ မျိုးစေ့ပျိုးပင် အရောင်းအဝယ်ဗဟိုစင်တာကို တရားဝင်ဆိုင်ဘုတ်တင် စတင်ဖွင့်လှစ်လိုက်သည်။

အဆိုပါဗဟိုစင်တာကို ရွှေလီမြို့စိုက်ပျိုးရေးလုပ်ငန်းစုကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီး မျိုးစေ့ပျိုးပင်ပြသခန်း၊ အရောင်းအဝယ်ပြုလုပ်ရန်နှင့် သိပ္ပံနည်းကျ သုတေသနပံ့ပိုးမှုများ ပေါင်းစပ်ထားသည့် ဘက်စုံသုံးဆောင်ရွက်မှုစင်တာတစ်ခုဖြစ်ကာ တရုတ်နိုင်ငံတစ်ဝန်းလုံးရှိ အပူပိုင်းဒေသ သီးနှံစိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဝန်ဆောင်မှုပေးရန်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှစသည့် နိုင်ငံခြားဈေးကွက်များသို့ နယ်ပယ်ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။

လက်ရှိတွင် အဆိုပါဗဟိုစင်တာ၌ စီးပွားဖြစ် မျိုးပွားရောင်းချနိုင်သော မျိုးစေ့ပျိုးပင် အမျိုးအစား ၃၀ နီးပါးကို စုစည်းထားရှိပြီး "တစ်နေရာတည်း၌ အပြီးအစီးဆောင်ရွက်နိုင်သော" ဝန်ဆောင်မှုစင်တာတစ်ခုအဖြစ် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည်။ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းမြှင့်တင်ဆောင်ရွက်မှုများနှင့် မူဝါဒများကို အမှီပြု၍ အထူးပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် တွန်းအားပေးလျက်ရှိသည်။

အဆိုပါဗဟိုစင်တာအတွင်း၌ သီးနှံပင်များနှင့် ပျိုးပင်များအတွက် ပြသခန်း နှစ်ခုကို သီးသန့်ဖွင့်လှစ်ထားသည်။ ရွှေလီဒေသထွက် ကော်ဖီ၊ ကျွဲကောသီး၊ သံပရိုသီး၊ ရှေးဟောင်းလက်ဖက်၊ ဆေးဖက်ဝင်သစ်ခွ၊ မက္ကာဒေးမီးယားအခွံမာသီးစသည့် ဒေသထွက်ကုန်များနှင့် အရည်အသွေးကောင်း မျိုးစေ့ပျိုးပင်များ၏ ကြီးထွားဖြစ်ထွန်းပုံကို လက်တွေ့မြင်တွေ့ လေ့လာနိုင်မည်ဖြစ်သည်။