ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ GDP သည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅.၀ ရာခိုင်နှုန်း တိုးတက်လာ
CRI|
တရုတ်နိုင်ငံတော်စာရင်းအင်းဌာနက ယခုလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည့် စာရင်းများအရ ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ GDP သည် ယွမ် ၃၃၄၁၉.၃ ဘီလီယံ ရှိပြီး ပုံသေဈေးနှုန်းဖြင့် တွက်ချက်ပါက လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅.၀ ရာခိုင်နှုန်း တိုးတက်လာကြောင်းနှင့် လွန်ခဲ့သည့်နှစ် စတုတ္ထသုံးလပတ်ထက် ဝ.၅ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာကြောင်း သိရသည်။
စိုက်ပျိုးရေးထုတ်လုပ်မှု အခြေအနေမှာ ကောင်းမွန်နေပြီး စက်မှုကဏ္ဍ ထုတ်လုပ်မှုတိုးတက်မှုနှုန်းမှာ မြန်ဆန်လာကာ ဝန်ဆောင်မှုကဏ္ဍမှာလည်း လျင်မြန်စွာ တိုးတက်လျက်ရှိသည်။ ပထမသုံးလပတ်တွင် စိုက်ပျိုးရေးကဏ္ဍ၏ ထပ်တိုးတန်ဖိုးသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၃.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတ်မှတ်ပမာဏထက်ကြီးမားသော စက်မှုလုပ်ငန်းများ၏ ထပ်တိုးတန်ဖိုးသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၆.၁ ရာခိုင်နှုန်း တိုးတက်လာကာ လွန်ခဲ့သည့်နှစ် စတုတ္ထသုံးလပတ်ထက် ၁.၁ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာခဲ့သည်။ ဝန်ဆောင်မှုကဏ္ဍ၏ ထပ်တိုးတန်ဖိုးမှာမူ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၅.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။