中文 English {{ activeLangText || 'Languages' }} {{ item.text }}
၂၀၂၆ ခုနှစ် ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် ၆ ကြိမ်မြောက် CMG ပြည်ပ ရုပ်ရှင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပ
轮播图(缅甸语) > အကြောင်းအရာ

၂၀၂၆ ခုနှစ် ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် ၆ ကြိမ်မြောက် CMG ပြည်ပ ရုပ်ရှင်ပွဲတော်ကို အောင်မြင်စွာ ကျင်းပ

CRI|
分享到Facebook

ဒေသစံတော်ချိန် ဧပြီလ ၁၇ ရက်နေ့တွင် ၂၀၂၆ ခုနှစ် ကုလသမဂ္ဂ တရုတ်ဘာသာ စကားနေ့နှင့် ၆ ကြိမ်မြောက် CMG ပြည်ပ ရုပ်ရှင်ပွဲတော်ကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး Palais des Nations တွင် ကျင်းပခဲ့ကြောင်း၊ အဆိုပါပွဲကို China Media Group (CMG)၊ ဆွစ်ဇာလန် နိုင်ငံရှိ ကုလသမဂ္ဂရုံးနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့နှင့် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံးတို့မှ ပူးတွဲဦးစီး ကျင်းပခဲ့ကြောင်း၊  တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ  ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ Shen Haixiong က ဗီဒီယိုပုံစံဖြင့် အမှာစကား ပြောကြားခဲ့ကြောင်း၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂရုံး၏ ဒါရိုက်တာချုပ် Tatiana Valovaya နှင့် ဆွစ်ဇာလန်နိုင်ငံရှိ ကုလသမဂ္ဂရုံးနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Jia Guide တို့သည် အခမ်းအနားသို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြောင်း၊ ဂျီနီဗာမြို့ရှိ နိုင်ငံပေါင်း ၃၀ ကျော်မှ အမြဲတမ်းကိုယ်စားလှယ်များနှင့် အကြီးတန်းသံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံနှင့် ပြည်ပရှိ ကဏ္ဍအသီးသီးမှ မိတ်ဆွေများ အပါအဝင် ဧည့်သည် ၃၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

 Shen Haixiongက China Media Group သည် တရုတ်ယဉ်ကျေးမှုကို ဖြန့်ဝေရန်နှင့် ယဉ်ကျေးမှု ဖလှယ်ရေးကို မြှင့်တင်ရန် ၎င်း၏တာဝန်အဖြစ် အမြဲခံယူထားကြောင်း ၊ China Media Group သည် မတူညီသော ယဉ်ကျေးမှုများမှ ဉာဏ်ပညာများ ဖလှယ်မှုနှင့် ပဲ့တင် ထပ်မှုကို မြှင့်တင်ရန် နည်းပညာအသစ်များနှင့် အသုံးချမှုအသစ်များကို ဆက်လက် အသုံးပြုသွားမည်ဖြစ်ပြီး ဤရှုပ်ထွေးပြီး အမြဲပြောင်းလဲနေသော ကမ္ဘာကြီးထဲသို့ နားလည်မှု၊ ငြိမ်းချမ်းမှုနှင့် မျှော်လင့်ချက်များကို ပိုမိုထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။