中文 English {{ activeLangText || 'Languages' }} {{ item.text }}
ရှိန်ကျိုး-၂၃ လူလိုက်ပါသောအာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်
အကြောင်းအရာ

ရှိန်ကျိုး-၂၃ လူလိုက်ပါသောအာကာသယာဉ်ကို အောင်မြင်စွာ လွှတ်တင်

CRI|
分享到Facebook

  တရုတ် လူလိုက်ပါသော အာကာသ စက်မှုလုပ်ငန်းရုံးမှသတင်းအရ ပေကျင်းစံတော်ချိန် ၂၀၂၆ခုနှစ် မေလ ၂၄ရက်နေ့ ည ၁၁နာရီ ၈မိနစ်က ရှိန်ကျိုး-၂၃ လူလိုက်ပါသော အာကာသယာဉ်ကို သယ်ဆောင်ခဲ့သည့် လောင်းမတ်ချ်-2F Yao-၂၃ သယ်ဆောင်ရေး ဒုံးပျံကို ကျိုချွမ်း ဂြိုဟ်တု လွှတ်တင်ရေးစင်တာ၌ လွှတ်တင်ခဲ့ကြောင်း၊ ၁၀မိနစ်ခန့်ကြာပြီးနောက် အာကာသယာဉ်သည် ဒုံးပျံမှ အောင်မြင်စွာ ခွဲထွက်ပြီး ကြိုတင်သတ်မှတ်ထားသော ပတ်လမ်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ အာကာသယာဉ်မှူးအဖွဲ့၏ အခြေအနေမှာ ကောင်းမွန်ပြီး လွှတ်တင်ရေး တာဝန်ကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။