中文 English {{ activeLangText || 'Languages' }} {{ item.text }}
ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အရှေ့ဒုတိယပြေးလမ်း စတင်အသုံးပြု
轮播图(缅甸语) > အကြောင်းအရာ

ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အရှေ့ဒုတိယပြေးလမ်း စတင်အသုံးပြု

By Deng Meiying|
分享到Facebook

ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အရှေ့ဒုတိယပြေးလမ်းကို တည်ဆောက်ပြီးစီးခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့တွင် စတင်အသုံးပြုခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် အရှေ့ပထမပြေးလမ်းကို လေယာဉ်ခရီးစဉ်များ မရပ်နားစေဘဲ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

အရှေ့ပထမပြေးလမ်း၏ အဓိကပြုပြင်မွမ်းမံမှုများမှာ ဆက်သွယ်ရေးလမ်းကြောင်းစနစ်၊ လမ်းညွှန်ပြကိရိယာများနှင့် အရှေ့ဘက်လေယာဉ်ကွင်း၏ မြောက်ဘက်ရှိ မြေအောက်ဖြတ်လမ်းရေနုတ်မြောင်းစနစ် တို့ကို အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ပါသည်။ ဤပြုပြင်မွမ်းမံမှုအား ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ်ကာ ပြန်လည်လည်ပတ်နိုင်ရန် စီစဉ်ထားပါသည်။ အနာဂတ် စီမံကိန်းတွင် ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းစဉ်အရ   အနောက်ဘက်တတိယပြေးလမ်း တည်ဆောက်ခြင်းနှင့် အနောက်ဘက်ပထမပြေးလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

စီမံကိန်းလုပ်ငန်းအားလုံးပြီးစီးသည်နှင့် ကူမင်းချန်ရွှေ အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ပြေးလမ်းများစွာ အပြိုင်လည်ပတ်သည့် စွမ်းဆောင်ရည်မြင့်မားသော အလွန်ထိရောက်သည့် လည်ပတ်မှုပုံစံ ဖြစ်ပေါ်လာစေမည်ဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှဘက်သို့ ဝန်ဆောင်မှုပေးသည့် နိုင်ငံတကာလေကြောင်းဗဟိုချက်တစ်ခုအဖြစ် ၎င်း၏ ပြည့်စုံသောဘက်စုံပံ့ပိုးမှုစွမ်းရည်များကို ပိုမိုအားကောင်းစေမည်ဖြစ်သည်။

 

ရင်းမြစ်- Yunnan.cn