中文 English {{ activeLangText || 'Languages' }} {{ item.text }}
"တရုတ်-လာအို ရထားလမ်းခရီးစဉ်" မှတ်တမ်းရုပ်ရှင်ကို တရုတ်နှင့် လာအို နှစ်နိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသ
轮播图(缅甸语) > အကြောင်းအရာ

"တရုတ်-လာအို ရထားလမ်းခရီးစဉ်" မှတ်တမ်းရုပ်ရှင်ကို တရုတ်နှင့် လာအို နှစ်နိုင်ငံတွင် ပထမဆုံးအကြိမ် ထုတ်လွှင့်ပြသ

By Deng Meiying|
分享到Facebook

မကြာသေးမီက "တရုတ်-လာအို ရထားလမ်း ခရီးစဉ်" မှတ်တမ်းရုပ်ရှင်၏ ပွဲဦးထွက် ထုတ်လွှင့်ပြသသည့် အခမ်းအနားနှင့် တရုတ်-လာအို ရထားလမ်း အတွေ့အကြုံခံစားခြင်းနှင့် အင်တာဗျူး အစီအစဉ်အတွက် ဖွင့်ပွဲအခမ်းအနားကို ကူမင်းတွင် ကျင်းပခဲ့သည်။

 

"တရုတ်-လာအို ရထားလမ်းခရီးစဉ်" မှတ်တမ်းရုပ်ရှင်သည် အပိုင်းသုံးပိုင်းပါ စီးရီးတစ်ခုဖြစ်သည်။ ၎င်းသည် ဗြိတိသျှ ဓာတ်ပုံဆရာ Thomas Heaton ၏ နိုင်ငံဖြတ်ကျော်လေ့လာရေးခရီးကို ဇာတ်ကြောင်းအဓိကထားကာ ရိုက်ကူးထားပြီး ရထားလမ်းတစ်လျှောက်ရှိ လူမှုအသိုင်းအဝိုင်း၏ တကယ့်လူနေမှု နှလုံးသားနွေးထွေးဖွယ် ဇာတ်လမ်းများစွာမှတစ်ဆင့် တရုတ်-လာအို ရထားလမ်း ဆောက်လုပ်မှုနှင့် လည်ပတ်မှု၏ ထူးခြားသော အောင်မြင်မှုများကို ထင်ရှားစွာ ထုတ်ဖော်ထားသည်။ အဓိကထုတ်လုပ်ရေးအဖွဲ့သည် တရုတ်၊ ဗြိတိန်၊ သြစတြေးလျ၊ စင်ကာပူနှင့် အခြားနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များကို စုစည်းကာ တရုတ်နှင့် လာအို နှစ်နိုင်ငံလုံးဖြတ်ကျော်၍ သုံးကြိမ်ကွင်းဆင်း ရိုက်ကူးဖန်တီးခဲ့ပါသည်။

 

အဆိုပါမှတ်တမ်းရုပ်ရှင်၏ အင်္ဂလိပ်ဗားရှင်းကို အာရှ၊ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်တွင် ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်သည်။ ရှေ့ဆက်၍ ထိုင်း၊ မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်စသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ Belt and Road နိုင်ငံများတွင်လည်း ဒေသခံဘာသာစကားများဖြင့် ဘာသာပြန်ဆို ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များအား တရုတ်-လာအို ရထားလမ်း၏ ထူးခြားဆန်းကြယ်သော ဆွဲဆောင်မှုအလှကို ခံစားစေမည်ဖြစ်သည်။

 

ရင်းမြစ်- ယူနန်နေ့စဉ်သတင်း Yunnan Daily