ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေး

မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်နေသည့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်"ကို ဆက်လက်သက်တမ်းတိုးရန် သဘောတူညီခဲ့ကြသည်။
သမ္မတ ရှီကျင့်ဖျင်က လွန်ခဲ့သော ၂၅ နှစ်က တရုတ်နှင့် ရုရှားနှစ်နိုင်ငံတို့သည် အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ရေရှည်အိမ်နီးချင်းကောင်း ချစ်ကြည်ရေးနှင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် စနစ်ဆိုင်ရာ အခြေခံအုတ်မြစ်ကို ဥပဒေအရ အတည်ပြုခဲ့သဖြင့် တရုတ်-ရုရှား ဆက်ဆံရေးသည် ထိုအချိန်မှစ၍ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊လက်ရှိတွင် နိုင်ငံတကာအခင်းအကျင်း၌ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး၊ ကမ္ဘာကြီးသည် တောတွင်းဥပဒေသို့ ပြန်လည်ဆုတ်ယုတ်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ ယခုကဲ့သို့သော နောက်ခံအခြေအနေမျိုးတွင် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်" ၏ ခေတ်ရှေ့ပြေးမှု၊ သိပ္ပံနည်းကျမှုနှင့် လက်တွေ့ကျသော တန်ဖိုးတို့မှာ ပိုမိုထင်ရှားပေါ်လွင်လာကြောင်း၊ တရုတ်ဘက်က “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်"ကို ဆက်လက်သက်တမ်းတိုးရန် ထောက်ခံပြီး၊ ရုရှားဘက်နှင့်အတူ စာချုပ်၏ စိတ်ဓာတ်ကို လိုက်နာစောင့်ထိန်းကာ တရုတ်-ရုရှား အပြန်အလှန် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ပြတ်ပြတ်သားသား တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖျင် က လွန်ခဲ့သည့်နှစ်များတွင် ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောနှောနေသည့် နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင်ရာ၌ တရုတ်-ရုရှား နှစ်နိုင်ငံတို့သည် တန်းတူရည်တူဖြစ်ခြင်း၊ တစ်ဦးကို တစ်ဦးက လေးစားခြင်း၊ သစ္စာရှိမှုများကို လေးစားခြင်းနှင့် ကျင့်ဝတ်တရားကို စွဲကိုင်ထားခြင်း၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အကျိုးရှိစေခြင်းဟူသော အခြေခံပေါ်တွင် ခေတ်သစ်၌ ဘက်စုံမဟာဗျူဟာ မြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ဖွံ့ဖြိုးတိုးတက်စေခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အကြား နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုအဆက်မပြတ်နက်ရှိုင်းလာပြီး စီးပွါးရေးနှင့် ကုန်သွယ်ရေး၊ရင်းနှီးမြှုပ်နှံရေး၊ စွမ်းအင်၊ သိပ္ပံနည်းပညာ၊ လူမှုယဉ်ကျေးမှုနှင့် ဒေသန္တရ စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်တွန်းအားပေးကာ ပြည်သူများအကြား နှလုံးသားချိတ်ဆက်မှု ပိုမိုခိုင်မြဲလာ၍ တရုတ်-ရုရှားဆက်ဆံရေးမှာ ပိုမိုအကျိုးပြုနိုင်ပြီး ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် အဆင့်သစ်သို့ ဝင်ရောက်နေ ကြောင်း ပြောကြားခဲ့ပါသည်။
ရှီကျင့်ဖျင်က ယခုနှစ်သည် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ထားရှိခဲ့သည့် နှစ် ၃၀ ပြည့်မြောက်သည့်နှစ်နှင့် “တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်” ချုပ်ဆိုခဲ့သည့် ၂၅နှစ် ပြည့်မြောက်သည့် နှစ်လည်း ဖြစ်ကြောင်း၊ လက်ရှိ နိုင်ငံတကာ အခြေအနေတွင် ပြောင်းလဲမှုနှင့် ရှုပ်ထွေးမှုများ ရောယှက်ပြီး တစ်ဖက်သတ် ဗိုလ်ကျ အာဏာကြီးစိုးမှုများ မြင့်တက်နေကြောင်း၊ သို့သော် ငြိမ်းချမ်းရေး ရရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု ရှာကြံခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး တို့သည် ဖြစ်ထွန်းတိုးတက် လျက်ရှိသော အခြေအနေနှင့် ပြည်သူ့ ဆန္ဒနှင့် ကိုက်ညီကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများနှင့် ကမ္ဘာ့ အရေးကြီး နိုင်ငံကြီး များ အနေဖြင့် တရုတ်နှင့် ရုရှား နှစ်နိုင်ငံတို့သည် ရေရှည်နှင့် မဟာဗျူဟာမြောက် ရှုထောင့်မှ ရပ်တည်ပြီး ပိုမို အရည်အသွေး မြင့်မားသော တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် နှစ်နိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရှင်သန်မှုများကို တွန်းအားပေးကာ ပိုမို တရားမျှတသော ကမ္ဘာလုံး ဆိုင်ရာ စီမံခန့်ခွဲမှု စနစ် တည်ဆောက်ရေး ကို တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖျင်က အရှေ့အလယ်ပိုင်း ပင်လယ်ကွေ့ဒေသ အခြေအနေသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား ပြောင်းလဲမှု၏ အချိုးအကွေ့သို့ ရောက်ရှိနေကြောင်း၊ စစ်ပွဲကို ဘက်စုံရပ်စဲရန် အရေးတကြီး နှောင့်နှေး၍ မဖြစ်ကြောင်း၊ စစ်ပွဲပဋိပက္ခကို ပြန်လည်စတင်ခြင်းကို ပို၍မလိုအပ်ကြောင်း၊ စေ့စပ်ဆွေးနွေးပွဲ ဆက်လက်ကျင်းပရန် အလွန်အရေးကြီးကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်းသိမ်းမြှင့်တင်ရန်အတွက် မိမိအနေနှင့် တိုက်တွန်းချက် ၄ရပ်ကို အဆိုတင်သွင်းခဲ့ပြီး နိုင်ငံတကာမိသားစုကြီး၏ သဘောတူညီချက်ကို တစ်ဆင့်တိုးစုစည်းနိုင်၍ အခြေအနေတင်းမာမှု လျော့ပါးစေရေး နှင့် စစ်ပွဲရပ်စဲရေးအတွက် အကျိုးပြုစွမ်းဆောင်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် “တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံတို့ အကြား ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်မှု တစ်ဆင့်တိုး အားကောင်းစေရေး၊ အိမ်နီးချင်းကောင်းနှင့် ချစ်ခင် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဆိုင်ရာ ပူးတွဲ ကြေညာချက်”ကို လက်မှတ် ရေးထိုး ထုတ်ပြန်ကာ စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ သိပ္ပံနည်းပညာ စသည့် နယ်ပယ် ၂၀တွင် ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ မျက်မြင်သက်သေအဖြစ် အတူတကွ တက်ရောက်ခဲ့ကြသည်။
ယင်း ခရီးစဉ် အတွင်း နှစ်နိုင်ငံတို့သည် “ကမ္ဘာ့ဝင်ရိုးစုံစနစ် (Multi-polarization) နှင့် နိုင်ငံတကာဆက်ဆံရေး ပုံစံသစ်ကို အားပေးမြှင့်တင်ရန် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်း နိုင်ငံတို့၏ ပူးတွဲ ကြေညာချက်”ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။
နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့သည် ပေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြပါသည်။
ရှီကျင့်ဖျင်က ပြည်သူ့ခန်းမဆောင်ကြီး၏ အရှေ့တံခါးရင်ပြင်၌ ပူတင်အတွက် ကြိုဆိုပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
ရုရှားသမ္မတ ပူတင် က နှစ်နိုင်ငံတို့၏ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုများကြောင့် ရုရှား-တရုတ်ဆက်ဆံရေးမှာ မကြုံစဖူးမြင့်မားသော အဆင့်အတန်းသို့ ရောက်ရှိနေ ကြောင်း၊ ရုရှား-တရုတ်ဆက်ဆံရေးမှာ အခက်အခဲ စိန်ခေါ်မှုများကို ကျော်ဖြတ် နိုင်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခိုင်မာလာကာ ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာ ဖြစ်လာပြီ ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အိမ်နီးချင်းကောင်း ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်၏ စိတ်ဓာတ်ကို လိုက်နာ ကျင့်သုံးပြီး မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုမြင့်မားသော အဆင့် အတန်းသို့ ရောက်ရှိစေရန် တွန်းအားပေးဖို့ ဆန္ဒရှိကြောင်း၊ ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် တုန်လှုပ်နေသော နိုင်ငံတကာ အခြေအနေတွင် အရေးကြီးသော တည်ငြိမ်မှု တစ်ခု ဖြစ်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် မြှင့်တင်ရန်၊ တရုတ်နိုင်ငံမှ အေပက်အဖွဲ့ထိပ်သီးခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ရေး ထောက်ခံရန်၊ ရှန်ဟိုင်းပူးပေါင်း ဆောင် ရွက်ရေး အဖွဲ့၏ အဆင့်နေရာနှင့် သြဇာလွှမ်းမိုးမှုများကို အတူတကွ အားသစ်လောင်း ပေးရန်၊ BRICS နိုင်ငံများစနစ်၏ စည်းလုံးညီညွတ်မှုနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ကုလသမဂ္ဂ၏ သြဇာရှိမှုကို ကာကွယ်ထိန်းသိမ်းပြီး ယဉ်ကျေးမှု ဆိုင်ရာ ကွဲပြား စုံလင်မှုများကို အားပေးမြှင့်တင်ရန်နှင့် နိုင်ငံတကာ စည်းစနစ်ကို ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိစေရေး တွန်းအားပေးဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။