中文 English {{ activeLangText || 'Languages' }} {{ item.text }}
ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ထရမ့်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါလာသော အမေရိကန် လုပ်ငန်းရှင်များအား တွေ့ဆုံ
轮播图(缅甸语) > အကြောင်းအရာ

ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ထရမ့်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါလာသော အမေရိကန် လုပ်ငန်းရှင်များအား တွေ့ဆုံ

CRI|
分享到Facebook

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန် သမ္မတ ထရမ့်နှင့်အတူ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါလာသော အမေရိကန် လုပ်ငန်းရှင်များနှင့် ပေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် တွေ့ဆုံခဲ့သည်။

ထရမ့်က ယခုအကြိမ်ခရီးစဉ်တွင် မိမိသည် အမေရိကန် စက်မှုကုန်သွယ်ရေး အသိုင်းအဝိုင်းမှ ထူးချွန်သောကိုယ်စားလှယ်များကို ခေါ်ဆောင်လာပြီး ၎င်းတို့သည် တရုတ်နိုင်ငံကို လေးစားပြီး တန်ဖိုးထားကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် ၎င်းတို့အား မိမိအားပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ရှီကျင့်ဖျင်က အမေရိကန်လုပ်ငန်းကုမ္ပဏီများသည် တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်နေပြီး၊ နှစ်ဖက်စလုံးတို့သည် အကျိုးအမြတ် ရရှိခဲ့ကြကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်-အမေရိကန် အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရန်  ကြိုဆိုကြောင်း၊ အမေရိကန် လုပ်ငန်း ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် ပိုမိုကျယ်ပြန့်သော အလားအလာရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။