中文 English {{ activeLangText || 'Languages' }} {{ item.text }}
တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို ကမ္ဘာက အဘယ်ကြောင့် မျှော်လင့်စောင့်စားနေသနည်း
轮播图(缅甸语) > အကြောင်းအရာ

တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲကို ကမ္ဘာက အဘယ်ကြောင့် မျှော်လင့်စောင့်စားနေသနည်း

CRI|
分享到Facebook

"တစ်ကမ္ဘာလုံး၏ အကြည့်များမှာ ပေကျင်းသို့ ရောက်ရှိနေသည်" ၊ "တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပွဲ၏ ရလဒ်သည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် ပထဝီဝင်နိုင်ငံရေးတို့အပေါ် ကြီးမားသော သက်ရောက်မှုများ ရှိလာနိုင်သည်" ... မေလလယ်တွင် ပေကျင်း၌ ကျင်းပတော့မည့် အဆိုပါ ထိပ်သီးခေါင်းဆောင်များ၏ သံတမန်ရေးရာ တွေ့ဆုံပွဲသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိနေပြီး ကမ္ဘာ့မျှော်လင့်ချက်များကိုလည်း သယ်ဆောင်ထားပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ ထရမ့်သည် မေလ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်မည် ဖြစ်ပါသည်။ ယနေ့ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးသော နှစ်နိုင်ငံဆက်ဆံရေးများထဲမှ တစ်ခုဖြစ်သည့်အလျောက် တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်ခြင်း ရှိ၊ မရှိ သည် ကမ္ဘာကြီး တည်ငြိမ်မှု ရှိ၊ မရှိ နှင့် တိုက်ရိုက်ဆက်စပ်နေပါသည်။ တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံပွဲက တရုတ်-အမေရိကန် ဆက်ဆံရေးဟူသော သင်္ဘောကြီးကို တည်ငြိမ်စွာ ဆက်လက်ခရီးနှင်နိုင်ရန် ဦးဆောင်လမ်းပြပေးပြီး၊ နှစ်နိုင်ငံအား မိတ်ဖက်များ၊ သူငယ်ချင်းများအဖြစ် ရှိနေစေကာ ကမ္ဘာကြီးအတွက် တည်ငြိမ်သော မျှော်လင့်ချက်များကို ဆောင်ကြဉ်းပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက ယေဘုယျအားဖြင့် မျှော်လင့်နေကြပါသည်။

အထူးသဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးသင်္ဘောကြီး တည်ငြိမ်စွာ ခရီးနှင်နိုင်ရန်အတွက် အရေးအကြီးဆုံးမှာ ထိုင်ဝမ်အရေး ကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ကြောင်း ထောက်ပြရန် လိုအပ်ပါသည်။ ၎င်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးအကြီးဆုံး ပြဿနာဖြစ်သလို အကြီးမားဆုံးသော ဘေးအန္တရာယ်ဖြစ်နိုင်ခြေလည်း ဖြစ်ပါသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ပြီး တရုတ်ဘက်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ ထိုင်ဝမ်ကို ခွဲထွက်သွားရန် မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန်ဘက်က နားလည်သင့်ပါသည်။ အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် ကိစ္စရပ်ကို အထူးသတိထား ကိုင်တွယ်ရမည် ဖြစ်ပါသည်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးအုပ်စုနှစ်ခုဖြစ်သည့်အလျောက် တရုတ်နှင့် အမေရိကန်တို့၏ စီးပွားရေးပမာဏ စုစုပေါင်းသည် တစ်ကမ္ဘာလုံး၏ သုံးပုံတစ်ပုံကျော်ရှိပြီး၊ ကုန်စည်ကုန်သွယ်မှု ပမာဏမှာ ကမ္ဘာ့ငါးပုံတစ်ပုံခန့် ရှိပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် “အခြေခံအုတ်မြစ်” နှင့် " တွန်းအားပေးသည့်အရာ "  အဖြစ် ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့စီးပွားရေးအတွက် "စိတ်အေးစေမည့်ဆေးတစ်လုံး" ဖြစ်လာလိမ့်မည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက မျှော်လင့်ထားကြပါသည်။

ကြီးမားသောနိုင်ငံကြီးဖြစ်ခြင်း၏ အဓိကအချက်မှာ တာဝန်ယူမှုနှင့် တာဝန်ခံမှုပင် ဖြစ်သည်။ လက်ရှိတွင် ပထဝီဝင်နိုင်ငံရေး ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ AI ပတ်သက်၍ လုံခြုံရေး ဘေးအန္တရာယ်များ မြင့်တက်လာခြင်း၊ ရာသီဥတု အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းနှင့် စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်ခြင်း စသည့် ကမ္ဘာလုံးဆိုင်ရာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပါသည်။ ထိုသို့သော အခြေအနေတွင် တရုတ်နှင့် အမေရိကန်တို့သည် နိုင်ငံကြီးများပီပီ တာဝန်ယူမှုရှိစွာဖြင့် နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိမည့် အရေးကြီးသော ကိစ္စရပ်များ၊ လက်တွေ့ကျသော ကိစ္စရပ်များနှင့် ကောင်းမွန်သော ကိစ္စရပ်များကို လက်တွဲဆောင်ရွက်သွားကြရန် လူအများက မျှော်လင့်နေကြပါသည်။

ကမ္ဘာမြေကြီးသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံစလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အသီးသီး သာယာဝပြောရန်အတွက် လုံလောက်အောင် ကျယ်ဝန်းပါသည်။ ပေကျင်းမှ စတင်မည့် တရုတ်-အမေရိကန် ထိပ်သီးခေါင်းဆောင်များ၏ တွေ့ဆုံပွဲသည် တရုတ်-အမေရိကန် ဆက်ဆံရေး သင်္ဘောကြီးကို လှိုင်းလေများအကြားမှ ဖြတ်ကျော်ကာ တည်ငြိမ်စွာ ရှေ့သို့ ဆက်လက်ဦးဆောင်သွားနိုင်ပြီး၊ မတည်ငြိမ်သော ကမ္ဘာကြီးအတွက် အဖိုးတန်သော တည်ငြိမ်မှုနှင့် သေချာမှုများကို ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု လူအများက မျှော်လင့်နေကြကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။