中文 English {{ activeLangText || 'Languages' }} {{ item.text }}
နည်းပညာ ။ ။ “နောက်မှလိုက်ခြင်း” မှ “ဦးဆောင်ခြင်း” အထိ
ရှုထောင့် > အကြောင်းအရာ

နည်းပညာ ။ ။ “နောက်မှလိုက်ခြင်း” မှ “ဦးဆောင်ခြင်း” အထိ

By Deng Meiying|
分享到Facebook

၂၀၂၅ ခုနှစ် ဇွန်လတွင် Ford မော်တော်ကား CEO Jim Farley ၏ “တစ်ကမ္ဘာလုံးရှိ ၇၀% ခန့်သော လျှပ်စစ်ကားတွေက ‘Made in China’တွေပါ။ သူတို့ရဲ့ နည်းပညာက ရှေ့မှာ ဦးဆောင်နေပါပြီ” ဆိုသည့် ဆွေးနွေးပွဲတစ်ခုမှ အကဲဖြတ်မှုသည် တစ်ကမ္ဘာလုံးဆိုင်ရာဈေးကွက်ရှိ တရုတ်မော်တော်ကား၏ နည်းပညာအင်အားကို ပြောပြနေပါသည်။

Power Battery နည်းပညာ၏ လုပ်ငန်းကွင်းဆက်စုံအားသာချက်သည် တရုတ်မော်တော်ကားအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချပေးနိုင်ခဲ့ပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် အဓိကကုန်ကြမ်း၊ ဘက်ထရီထုတ်လုပ်မှုမှ ပြန်လည်အသုံးချမှု၏ ပြီးပြည့်စုံသောစနစ်အထိ ပိုင်ဆိုင်ထားပြီး အသုံးကျမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုတို့ကိုလည်း ပိုင်ဆိုင်ထားပါသည်။ လက်တွေ့အသုံးပြုမှုအတွင်း တရုတ်နိုင်ငံ Power Battery သည် ဓာတ်အားခံမှု ပြည့်ဝခြင်း၊ ဓာတ်အားသွင်းမှု လျင်မြန်ခြင်းတို့ဖြင့် ၁၄-၁၅ မိနစ်တွင် ဓာတ်အားအပြည့်နီးပါးဖြည့်တင်းနိုင်သဖြင့် သုံးစွဲသူများ၏ စွမ်းအင်ဖြည့်တင်းရေး ပူပန်မှုကို ဖြေရှင်းပေးနိုင်ခဲ့ပါသည်။ ဘေးကင်းလုံခြုံမှုကို စဉ်ဆက်မပြတ် တိုးမြှင့်ဆောင်ရွက်နေပြီး မီးလောင်မှု ဖြစ်ပွားခြင်းကို ကျဆင်းလာစေခြင်း၊ ဘေးအန္တရာယ်ရှိမှုကျဆင်းလာစေခြင်းများကို အကျိုးရှိစွာ လုပ်ဆောင်နိုင်ခဲ့ပြီး အပူချိန်မြင့်၊ အေးခဲခြင်းစသည့် အမျိုးစုံလင်သော ရာသီဥတုများနှင့် ကိုက်ညီစေခဲ့ကာ တစ်ကမ္ဘာလုံးမှ မတူညီသော ဒေသများ၏ အသုံးချလိုအပ်ချက်များနှင့် ကိုက်ညီစေခဲ့ပါသည်။ တစ်ချိန်တည်းတွင် လုပ်ငန်းသည် စိမ်းလန်းကာဗွန်နိမ့်ခြင်းကို ဇောက်ချလုပ်ကိုင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတွင် သန့်စင်စွမ်းအင်ကို အသုံးချခဲ့ပြီး ဘက်ထရီဟောင်းများ၏ ဗဟိုချက်ကုန်ကြမ်းများ ပြန်လည်သိမ်းဆည်းနည်းပညာသည်လည်း နေ့စဉ်ရက်ဆက် ရင့်ကျက်လာခဲ့ပါသည်။ နိုင်ငံအသီးသီးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ တင်းကြပ်သော လိုအပ်ချက်များနှင့် ကိုက်ညီစေပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ခေတ်ရှေ့ပြေးသော နည်းပညာမူပိုင်အရေအတွက်များဖြင့် တရုတ်ဘက်ထရီများကို နိုင်ငံတကာဈေးကွက်တွင် အင်အားကောင်းမွန်သော ယှဉ်ပြိုင်အားကို ပိုင်ဆိုင်ထားပါသည်။

စမတ်နယ်ပယ်၏ ထိုးဖောက်မှုသည် တရုတ်မော်တော်ကား၏ အမှတ်တိုးကိန်းဖြစ်လာခဲ့ပါသည်။ တရုတ်နိုင်ငံ ပြည်တွင်းထုတ်မော်တော်ကားသည် တစ်ကမ္ဘာလုံးတွင် ပထမဆုံးသော ဥရောပ L4 အဆင့် အလိုအလျောက် မောင်းနှင်လက်မှတ်ကို အရင်ဦးစွာ ရရှိခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ ဥရောပစီးပွားရေး ကော်မရှင်အဖွဲ့ UNR157 ဆိုသည့် တစ်ကမ္ဘာလုံးတွင် အတင်းကြပ်ဆုံးသော ခွင့်ပြုစံနှုန်းဖြင့် မော်တော်ကား လုံခြုံရေး အဆင့်မြင့်ဆုံးသောလက်မှတ်ကို ရရှိခဲ့ပါသည်။ ဂျာမနီနိုင်ငံ A9 အမြန်နှုန်းစမ်းသပ်မှုတွင် အလိုအလျောက်လမ်းကြောင်းပြောင်းခြင်း၊ စမတ်စနစ်ဖြင့် အတားအဆီး ရှောင်တိမ်းခြင်းစသည့် ဗဟိုထိန်းချုပ်ခြင်း မှားယွင်းနှုန်း ၀.၀၀၁% နှင့်အောက် ရရှိခဲ့ပါသည်။ ဥရောပ၏ ရှုပ်ထွေးသော လမ်းအခြေအနေအတွက် အဆင့်မြှင့်တင်ထားသည့် GPS နှင့် စမတ်မောင်းနှင် တွက်ချက်နည်း၏ လမ်းကြောင်းပြောင်းလဲမှု အောင်မြင်နှုန်းသည် ၉၈.၇% အထိ ရရှိခဲ့ပါသည်။ ပဲရစ်မြို့၊ မြူးနစ်မြို့ စသည့်မြို့များ၏ တရားဝင်လမ်းကြောင်းစမ်းသပ်မှုတွင် များပြားလှသော အကျိုးရှိကိန်းဂဏန်းများကို ရရှိခဲ့ပါသည်။

图片

နည်းပညာအင်အား၏ နှိုးထလာမှုသည် နိုင်ငံတကာစံနှုန်း စကားပြောပိုင်ခွင့်၏ မြင့်တက်လာမှုကို ပိုမိုပေါ်လွင်စေခဲ့ပါသည်။ နိုင်ငံ့ဈေးကွက်စောင့်ကြည့်စီမံရေးဗဟိုဌာန၏ အချက်အလက်များအရ တရုတ်မော်တော်ကားစံနှုန်း ၃၅ ရပ်သည် ချီလီ၊ အီကွေဒေါ၊ နိုင်ဂျီးရီးယား စသည့်နိုင်ငံများ၏ လက်သင့်ခံအသုံးပြုမှုကို ရရှိထားပြီး ဘေးကင်းလုံခြုံရေး၊ ဘက်ထရီစနစ်၊ ဓာတ်အားသွင်းစက်တပ်ဆင်ခြင်း စသည့်အဓိကနယ်ပယ်များ ပါဝင်ပါသည်။ တရုတ်နိုင်ငံက ဦးဆောင်၍ထုတ်ပြန်သော၊ သုတေသနပြုခဲ့သော လျှပ်စစ်ကား၊ စမတ်ချိတ်ဆက်ကား နိုင်ငံတကာစံနှုန်း ၅၀ ခုသည် ကားချင်းဆက်သွယ်မှု၊ တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်သဲလွန်စတွက်ချက်မှုနည်းလမ်း စသည့်နိုင်ငံတကာဥပဒေ ၁၀ ခုခန့်ကို လုပ်ဆောင်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် တရုတ်နိုင်ငံမှ ဦးဆောင်ရေးဆွဲသည့် အလိုအလျောက်မောင်းနှင်ခြင်း စမ်းသပ်စံနှုန်းကို တရားဝင်ထုတ်ပြန်ခဲ့ပြီး တစ်ကမ္ဘာလုံးမှ လုပ်ငန်းများ၏ ဘုံအသိဖြစ်လာစေခဲ့ပါသည်။

၂၀၂၅ ခုနှစ် ကမ္ဘာ့စမတ်ချိတ်ဆက်မော်တော်ကားပြပွဲတွင် တရုတ်မော်တော်ကားလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုသည် အားလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရပါသည်။ အင်္ဂလန်နိုင်ငံ “The Economist”က တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးအနေအထားအရ စမတ်မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း၏ “ဆုံးဖြတ်ချက် ပေးနိုင်သော ဦးဆောင်နေရာ”ကို တည်ဆောက်နေပြီး တရုတ်လုပ်ငန်းများသည် နိုင်ငံခြားလုပ်ငန်းများမှ အလိုချင်ဆုံးဖြစ်သော “တရုတ်အရှိန်အဟုန်”ကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သတင်းတင်ဆက်ခဲ့ ပါသည်။

图片